ဖားကန့် ရှရော်ခရွာမှာ လက်နက်ကြီး ကျလို့ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခရွာ ရဝမ်ကုန်းမှာ ဒီနေ့ ဩဂုတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်က လက်နက်ကြီး ကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စက်သုံးဆီ ၁ ဂါလံကို ၇ သောင်းကျော်ထိ ဈေးပေါက်နေ

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စက်သုံးဆီ ၁ ဂါလံကို ၇ သောင်းကျော်ထိ ဈေးပေါက်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကြောင့် တပတ်အတွင်း သေဆုံးသူ အရပ်သား ၉ ဦးရှိပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ တစ်ပတ်အတွင်း အရပ်သား ၉ ဦးခန့် သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းတောင်မှာ လက်နက်ကြီး ကျလို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့် ဆိုင်းဝောာင်မှာ မနေ့ ဩဂုတ် ၇ ရက် ည ၉ နာရီကျော်က လက်နက်ကြီး ကျရောက်လို့ ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွဆီက သိရပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံ ၃ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံဖြစ်တဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ် ပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၂ ရက်အတွင်း ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်နယ် မှော်စီစာရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့နယ် မှော်စီစာရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် စားသောက်ကုန် စံချိန်တင် မြှင့်တက်လာပြီး လူထုတွေ အခက်အခဲ ကြုံနေရ

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် ကုန်စည်ဈေးနှုန်း မြှင့်တက်လာပြီး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက် ရှာနေသူ ၂၀ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးထက်မနည်း မြေစာပြိုကျမှုနဲ့အတူ ပါသွားခဲ့ကြောင်း အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကျလို့ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင် ၁၈ ရက် ညနေပိုင်းက လက်နက်ကြီးကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရသွားသလို လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။