ဖားကန့် လုံးခင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူ များ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မံစီက စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ချိန်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ညမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့် ဘွမ်နန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ချိန်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မနေ့ ဇန်နဝါရီ ၈ ရက် ညမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့်မြို့နယ် ဘွမ်နန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။