ဖားကန့်မြို့နယ် လယ်ပြင်ကနေ ၅မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့်လာတဲ့ စကစ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ KIA ပူးပါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွဆီက သိရပါတယ်။

ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို မနေ့ မေလ ၁၇ ရက်မှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်လမ်း နန့်ယားအနီးအထိ စစ်ကောင်စီ တပ်ဖွဲ့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ

ကချင်ပြည်နယ်၊ ဖားကန့်လမ်း နန့်ယား အနီးအထိ မေလ ၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ တွေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် ဖားကန့်ဘက် ထိုးစစ်ဆင်လာ

စစ်ကောင်စီဘက်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့က ဖားကန့်လမ်းဘက် ထိုးစစ်ဆင်လာကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ် လဝါးရွာက စစ်ရှောင်တွေ အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေ

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် လဝါးရွာက စစ်ဘေးရှောင် ၅ဝဝ ကျော်အတွက် အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့် နမ့်မှော်ရွာမှာ နွံကန်ပေါက်ရာကနေ နေအိမ် ၅၀ ကျော် နွံမြုပ်

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ နွံကန်ပေါက်ရာကနေ နမ့်မှော်ရွာက နေအိမ်တချို့ နွံမြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဆယ်ယောက်ကျော် သေဆုံး၊ ဒေသခံနေအိမ် ၁၆ လုံး မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာကနေ ရှဒူးဇွပ်ရွာဘက် ချီတက်လာတဲ့ ဝါရာဇွပ် ပြည်သူ့စစ် စစ်ကြောင်းကို မနေ့ မတ်လ ၁၄ ရက် မနက် ၇ နာရီခန့်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှု ရှိကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖားကန့်မြေစာပုံ နွံကန် ပေါက်ထွက်မှုမှာ သေဆုံးသူ ၃၁ ဦးအထိ ရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာအနီးက ရတနာအဓိပတိ ကျောက်လုပ်ကွက် မြေစာပုံနွံကန် ပွင့်ထွက်မှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် စွန့်ပစ်မြေစာပုံ နွံကန် ပေါက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ နွံကန် ပေါက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။