ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးပြီး အကူအညီ လိုအပ်နေ

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်မှုထမ်း မခေါ်ယူဖို့ သဘောတူထားပေမဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ခေါ်ယူမှုမှာ PNO ပါတီဝင်တချို့ ပါဝင်နေ

ရှမ်းတောင်မှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်- PNO/PNA ပါတီဝင်တချို့ထံ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဆင့်ခေါ်စာ ရောက်ရှိနေကြတယ်လို့ PNO နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဟိုပုံးမှာ ပြည်ပရောက် လူငယ်တွေကို PNA က ခြိမ်းခြောက်ပြီး စစ်မှုထမ်း ခေါ်ယူ၊ စစ်မှု မထမ်းရင် နေအိမ် ချိတ်ပိတ်မယ်လို့ပြော

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်းစာရင်း ကောက်ခံထားပြီး ပြန်မလာတဲ့သူတွေကို နေအိမ် ချိတ်ပိတ်မယ်လို့ ပအိုဝ်းပြည်သူ့စစ်- PNA က ခြိမ်းခြောက်ထားပါတယ်။