ကားဟွန်းတီးလို့ဆိုပြီး ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်လို့ သေဆုံး
ရှမ်းတောင် ဟိုပုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီး ကားဟွန်းတီးလို့ ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့ကြောင်း ဟိုပုံးမြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။