ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ပြန်လည်ဖြတ်သန်းခွင့်ပေး
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ဖြတ်သန်းခွင့် ပြန်ပေးပြီလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။