ဟိုပန်မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူနောင်ချိုလူငယ်တစ်ဦးကို UWSA က လူမြင်ကွင်းရှေ့မှာ သေဒဏ်ပေး

“ဝ” တပ်- UWSA ထိန်းချူပ်ထားတဲ့ ဟိုပန်မြို့မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူကို “ဝ” ပြည်တရားစီရင်ရေးဌာနက သေဒဏ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဟိုပန်တံတားကို ပြင်ဆင်ဖို့ သွားလာခွင့်တွေ ယာယီပိတ်၊ နမ့်တစ်ညီနောင်တံတားလည်း ကျိုးကျထားတာကြောင့် သွားလာရေး အခက်ကြုံ

“ဝ” တပ်မတော် – UWSA နဲ့ ကိုးကန့်တပ်မတော် – MNDAA တို့ရဲ့ ထိန်းချုပ်ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန်ဖောင်ဆိပ်တံတားကို ပြန်လည်ပြင်ဆင်ဖို့ဆိုပြီး နှစ်ဖက်တာဝန်ရှိသူတွေက ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်

“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

’ဝ’နဲ့ကိုးကန့် ဆက်သွယ်ထားတဲ့ နမ့်တစ်တံတား ကျိုးကျပျက်စီး

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့က နမ့်တစ်(ညီနောင်)တံတား ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ပြန်လည်ဖြတ်သန်းခွင့်ပေး

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ဖြတ်သန်းခွင့် ပြန်ပေးပြီလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပန်မှာ သင်္ကြန်ပွဲတော် အကြီးအကျယ်ကျင်းပဖို့ ပြင်ဆင်နေ

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ဟိုပန်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပန်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိ၊ ဖမ်းဆီးရမိသူတွေကို တရုတ်ထံ လွှဲပြောင်းပေးမယ်လို့ UWSA ပြော

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဟိုပန်မှာ ဒေသခံတွေရဲ့ မြေကွက်နဲ့ ရာဘာခြံကို “ဝ”တပ်က သိမ်းယူပြီး တခြားနေရာမှာ မြေကွက်‌ အစားထိုးပေးမယ်ဆိုပေမဲ့ ဒေသခံတွေ လက်မခံ

ရှမ်းမြောက် ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်မြို့မဘောလုံးကွင်းအနီးမှာရှိတဲ့ ဒေသခံတွေရဲ့ မြေကွက်နဲ့ ရာဘာခြံကို “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က သိမ်းယူပြီး မြေကွက်မှာ ရှိထားတဲ့ ရာဘာပင်ကိုလည်း ခုတ်သွားခဲ့တယ်လို့ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။