ဟားခါးမြို့မှာ ၃ လကြာ လျှပ်စီးမီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ် အခကြေးငွေပေးပြီး အားသွင်းနေရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လကတည်းက လျှပ်စစ်မီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ်တွေကို အခကြေးငွေပေးပြီး အားသွင်းနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်

ချင်းပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့အပါအဝင် ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF ဟားခါးထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ CDF-Hakha ထံ ဧပြီ ၁၃ ရက်က အလင်းဝင်လာခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဟားခါးမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့နယ် Halta ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရပြီး လူနေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီခန့် ဝန်ကြီးတွေ ဦးဆောင်ပြီး ခလရ ၂၆၆ တပ်ကုန်းမှာ ချင်းအမျိုးသားနေ့ ကျင်းပ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ ဟားခါး ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီခန့်တဲ့ ပြည်နယ်ဝန်ကြီးတွေ ဦးဆောင်ပြီး ခလရ ၂၆၆…

ဟားခါးမှာ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံရတဲ့ စစ်သား ၄ ဦး CNA ထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် ၃ စခန်းမှ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်သား ၄ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ချင်းအမျိုးသားတပ်မတော်- CNF/CNA ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Information Center က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟားခါးမှာ ပျူစောထီး ၄ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF ထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီ လက်‌အောက်ခံ ပျူစောထီး ၄ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ဟားခါး CDF က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။