ဟားခါးမြို့ တိုက်ပွဲမှာ စစ်ကောင်စီ ၁၅ ဦး သေဆုံးခဲ့သလို CDF ဟားခါး ဘက်ကလည်း ၁၁ဦးထက်မနည်း ကျဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခလရ ၂၆၆ တပ်ကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့သလို ချင်းကာကွယ်ရေးတပ်(ဟားခါး) ဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့က ခလရ ၂၆၆ တပ်ကုန်းကို CDF ဟားခါး တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်

ချင်းပြည်နယ်၊ ဟားခါးမြို့ ရုန်းတောင်က စစ်ကောင်စီရဲ့ ခလရ ၂၆၆ တပ်ကုန်းကို ချင်းကာကွယ်ရေးတပ် (ဟားခါး)မှ တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့နယ်မှာ CDF ဟားခါး လုံခြုံရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦး ကျဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ် Loklung ကျေးရွာရှိ ချင်းကာကွယ်ရေးတပ် (ဟားခါး)ဂိတ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်တာကြောင့် CDF ဟားခါး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတာကြောင့် စစ်ကောင်စီ ၆ ဦးသေဆုံးပြီးအချုပ်သား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ချင်းပြည်နယ် ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ အချုပ်သား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဟားခါးနယ်ထဲက စာသင်ကျောင်တစ်ခုကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ အသက် ၇နှစ်အရွယ် ကျောင်းသားနှစ်ဦး သေဆုံး၊ ဆရာမအပါအဝင် ၅ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသားနှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် နာရီစင်အနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါး မြို့လယ်မှာ ရဲကား တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့လယ်မှာ ဒီနေ့ သြဂုတ် ၇ ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့မှာ ဘုရားကျောင်းကနေ ပြန်လာတဲ့ လူငယ် ၄၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က HBC ခရစ်ယာန် ဘုရားကျောင်းကနေ ပြန်လာကြတဲ့ လူငယ် ၄၀ ခန့်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့မှာ ငွေသား ပြတ်လပ်နေတဲ့အတွက် ဘဏ်မှာ ငွေထုတ်ယူခွင့်မရ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ငွေသား ပြတ်လပ်နေတဲ့အတွက် ဘဏ်မှာ ငွေထုတ်ယူခွင့် မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့နယ်မှာ ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦး သယ်ဆောင်လာတဲ့ သန်းနဲ့ချီတဲ့ မူးယစ်းဆေးဝါးပမာဏကို CDF-Hakha ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ ယင်းမာပင်ခရိုင်၊ အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦးတို့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်တပ်-ဟားခါးက ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။