ကြို့ပင်ကောက်မြို့နယ် အရှေ့သရက်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ‌ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦး သေဆုံး

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ‌အရှေ့သရက်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကြို့ပင်ကောက်မြို့ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ လယ်ကွင်းထဲ တပ်ဖြန့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၆) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။