ဆေးဝါး လုံလောက်မှု မရှိလို့ ဂွမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော် အရေးပြားရောဂါ ကူးစက်ခံနေရ
စစ်ကောင်စီတပ်ရဲ့ ဆေးဝါး ဖြတ်ေတာက်တာကို ခံနေရတဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က ကျေးရွာ ၁၂ ရွာခန့်မှာရှိတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော်ဟာ အရေပြား ကူးစက်ရောဂါ ကြုံနေရကြောင်း ဂွမြို့နယ် စစ်ရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ရွှေဖီမြေကို ပြောပါတယ်။