ဂန့်ဂေါမြို့မှာ ဈေးရောင်းချခွင့်နဲ့ ကားမောင်းခွင့် စစ်ကောင်စီ ကန့်သတ်ထား

မကွေးတိုင်း ဂန့်ဂေါမြို့မှာ ဈေးသည်တွေ ဈေးရောင်းချခွင့်နဲ့ ကားပိုင်ရှင်၊ ကားသမားတွေ ကားပြေးဆွဲခွင့် စစ်ကောင်စီတပ်က ကန့်သတ်လိုက်ပြီး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ဆေးပေးခန်း ဗုံးကြဲတိုက်ခိုက်မှု ဆရာဝန်တစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်၊ ကလေး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်လို့ CDM တပ်သား ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စင်ပုံကျေးရွာအနီး စစ်သုံ့ပန်း ထားရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ CDM တပ်သား ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဂန်ဂေါ့မြို့နယ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန်ဂေါ့မြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။