ဒီးမော့ဆိုအနောက်ခြမ်းရှိ KSP ရုံး ဗုံးကြဲတိုက်ခံရပြီး ၅ ဦး သေဆုံး

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ရုံးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒီမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင် ကလေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

Junta Airstrike Hits IDP Camp in Western Demoso

A junta airstrike on an internally displaced person (IDP) camp in western Demoso Township, Karenni State, injured three displaced people, according to sources in the camp.

ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲလို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ စစ်လေးရှောင်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုမြို့ကို စစ်တပ် ပြန်ထိန်းချုပ်

ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့ပေါ် စစ်တပ်က စစ်ကြောင်း ထိုးနေပြီး တိုက်ပွဲ ဆက်ဖြစ်နေ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို အသုံးမပြုဖို့ KNDF ထပ်မံ သတိပေး

ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့ထဲ စစ်တပ်ဘက်က စစ်ကြောင်း ထိုးနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နန်းမယ်ခုံမြို့အနီး စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့အနီးမှာ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းအတွက် စက်သုံးဆီဈေးနှုန်း‌ KNPLF နဲ့ ဒီးမော့ဆို PDF သတ်မှတ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်ဦး- KNPLF နဲ့ ဒီးမော့ဆို PDF ပူးပေါင်းပြီး ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စက်သုံးဆီဈေးနှုန်းကို သတ်မှတ်လိုက်ကြောင်း မနေ့ ဇွန်လ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ကရင်နီဒေသ ဒီးမော့ဆိုမှာ စက်သုံးဆီတွေ တစ်ပတ်ခန့်လောက် ပြတ်လပ်နေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမှာ စက်သုံးဆီတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ဒီဇယ် တစ်ပတ်ခန့်လောက် ပြတ်လပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့နဲ့ ဗုံးကြဲတိုက်ခိုက်၊ အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေအော့အန်

ကရင်နီပြည် ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။