ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့နဲ့ ဗုံးကြဲတိုက်ခိုက်၊ အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေအော့အန်
ကရင်နီပြည် ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။