တနိုင်းက ဝခါးရွှေမှော်ကို ဗုံးကြဲတိုက်ခိုက်ပြီး KIA ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ဝခါးရွှေမှော်ကို မတ်လ ၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ပြီး ကချင်တပ်(KIA) ကာကင်းစခန်း ၂ ခုကိုလည်း စစ်ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက် ခဲ့ကြောင်း ဒေသခံတွေနဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တနိုင်းမြို့နယ် စံလွန် ရွှေမှော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ ၁ နှစ်အရွယ် ကလေးအပါအဝင် ၁၅ ဦး သေဆုံး

ကချင်ပြည်နယ် တနိုင်းမြို့နယ်က စံလွန်(သံလွင်) ရွှေမှော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ၁ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား သေဆုံးမှု များပြီး ဒဏ်ရာ ရသူလည်း ရှိခဲ့ပါတယ်။