ဟားခါးလူထုခေါင်းဆောင်၊CDF-Hakha အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင် ရုတ်တရက်ကွယ်လွန်

ချင်းပြည်နယ်၊ ဟားခါးမြို့ရဲ့ နွေဦးတော်လှန်ရေးလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းငွန်ဆန်းအောင်ဟာ မနေ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းမြို့နယ်က စစ်ကောင်စီ စခန်းကုန်းနှစ်ကုန်း သိမ်းပိုက်ရရှိပြီး နှစ်ဖက် ထိခိုက်မှုရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်းရန်းရွာမှာ စစ်ကောင်စီတပ်မှ နေရာယူ တပ်စွဲထားတဲ့ စခန်းကုန်းနှစ်ခုကို ချင်းတော်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းက ရွှေဖီမြေကို ပြောပါတယ်။

ဟားခါးမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ အမျိုးသား သေဆုံးသွားလို့ မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့ခြင်းဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားလ်တာကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သားအမိ သုံးဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Haltu နဲ့ Haiphai ကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတိုက်ခိုက်မှုကြောင့် သားအမိသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရိဒ်ခေါဒါရ်မြို့ကနေ CNDF တပ်ဆုတ်သွားပြီး စစ်ဘေးရှောင် ထောင်နဲ့ချီ နေရပ်ပြန်လာ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကနေ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တပ်ဆုတ်သွားပြီး စစ်ဘေးရှောင်တွေ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်မှာ အိန္ဒိယ လုံခြုံရေး တိုးမြှင့်ထား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပိတ်ထားပြီး အိန္ဒိယဘက်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်မြေဒေသနဲ့ မျိုးနွယ်စုအရေးကို တော်လှန်ရေးအလွန်ကာလ ဖြေရှင်းဖို့ချင်းကာကွယ်ရေးတပ် ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

နယ်မြေဒေသနဲ့ မျိုးနွယ်အရေးကို တော်လှန်ရေးအလွန်မှာ ဖြေရှင်းဖို့ ချင်းတော်လှန်ရေးတပ် ၁၈ ဖွဲ့က မနေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

CNFရဲ့ ဗဟိုစည်းရုံးရေးမှူးတစ်ဦးကို CDF Mindat က ဖမ်းဆီးထိန်းသိမ်းထား

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄)ဒိုင်ရ်ဒေသ မကွီအိမ်နူးမြို့မှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးရေးမှူး တစ်ယောက်ဖြစ်တဲ့ ဦးဟုန်းနိုင်းရွှီကို ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)က ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

CNO/CNDFတပ်က စနိုက်ဘာ သင်တန်းဖွင့်လှစ်မှာဖြစ်ပြီး အခြားတော်လှန်ရေးတပ်တွေလည်း တက်ရောက်နိုင်ကြောင်း ပြော

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ သြဂုတ် ၉ ရက်နေ့အထိ (၂) လကြာ စနိုက်ပါသင်တန်းကို (CNO/CNDF) ရဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ CNO/ CNDF က ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။