ချောင်းဦးမြို့နယ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၆ နှစ်နဲ့ ၁၁ ရွယ်ကလေး ၂ ဦးအပါဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့နယ်က စစ်ရှောင် ၂ သောင်းကျော် အရေးပေါ်အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ် စစ်ရှောင် ၂ သောင်းကျော်ဟာ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။

ချောင်းဦးမြို့နယ် ကျီးကုန်းရွာက မကျန်းမာတဲ့ အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာက အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတော်တစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့တယ်လို့ Monywa Revolution -MR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးက ချောင်းမနားရွာကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းမနားရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Monywa Revolution – MR မှ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတစ်ဦးကို သတ်ဖြတ်သွားတာအပြင် နေအိမ်တွေကိုပါ မီးရှို့သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးက ငါးလုံးတင်ရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးလုံးတင်ရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးနယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ဦးအပါ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲက ရှင်ပြုအလှူပွဲကို လေကြောင်းနဲ့တိုက်ခိုက်လို့ မောင်ရှင်လောင်းနဲ့ ဖခင်အပါအဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်းလှကျေးရွာက ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မောင်ရှင်လောင်းနဲ့ ဖခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်၊ ဒုဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ် မုံရွာ-မန္တလေး လမ်းတစ်နေရာမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်ကြီးတစ်ဦး အပါအဝင်စစ်သား ၁၇ ဦးသေဆုံး ခဲ့တယ်လို့ CHU PDFက သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးက နွယ်ခွေနဲ့ ချောင်းမရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါအဝင်ဒေသခံ ၁၀ ဦးနဲ့ PDF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေနဲ့ ချောင်းမရွာကို စစ်‌ကောင်စီတပ်က လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် အသက်မပြည့်‌သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး‌ သေဆုံးခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF တပ်မှ ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ CHU PDF မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ရွှေဖီမြေကို ပြောပါတယ်။