ဘုတလင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စိမ့်တော၊ တောရ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။