ဘုတလင်မြို့နယ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကင်းစမ်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ပထမပတ်အတွင်း ဘုတလင်မြို့နယ်ထဲ လေကြောင်းကနေ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ပထမအပတ်မှာ လေကြောင်းကနေ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေး‌ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၃ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဘုတလင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်‌ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စိမ့်တော၊ တောရ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။