ဗန်းမော်မြို့ အဆောက်အဦးတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ရှင်းလင်း

ဗန်းမော်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို ဒီနေ့ မေလ ၂၇ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရလို့ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့

KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့ရှိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ပစ်ချခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်

ဒီနေ့ မေလ ၂၀ ရက်မှာ ဗန်းမော်မြို့ စကခ ၂၁ ဘက် စစ်ကူ လာပို့တဲ့ ရဟတ်ယာဉ် ၃ စီးထဲက ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အထဲက ပျက်စီးလောင်ကျွမ်းသွားတဲ့ Mi-17 ရဲ့ ရုပ်သံဖိုင်ကို ရွှေဖီမြေက လက်ခံရရှိထားပါတယ်။

ဗန်းမော်မှာ ရဟတ်ယာဉ် ပစ်ချခံရတဲ့ထဲ လေယာဉ်မှူးအပါ ၇ ဦး ထက်မနည်း သေဆုံး

ဗန်းမော်မြို့ စကခ – ၂၁ ဘက်မှာ ဒီနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်က စစ်ကူ လာချစဉ် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ ပစ်ချခြင်းကို ခံရပြီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ထဲမှာ လေယာဉ်မှူးအပါ ၇ ဦးထက်မနည်း သေဆုံးကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗန်းမော်ဘက် အင်အားဖြည့်ဖို့လာတဲ့ ရဟတ်ယာဉ် ၂ စင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့၊ ၁စီးပျက်ကျ

ဗန်းမော်ဘက် အင်အားထပ်ဖြည့်ဖို့ လာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗန်းမော်မြို့တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်း တပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်း အချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိကြောင်း ရှေ့တန်း သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။

ဗန်းမော်နဲ့ ဖားကန့်လမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အချို့ထိခိုက်၊ သေဆုံးမှု ရှိနေ

ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ ဖားကန့်လမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်က စစ်ဘေးဒုက္ခသည် အချို့ထိခိုက်၊ သေဆုံးတာတွေ ရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်လည်ပြင်းထန်လာ

ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း ဒေသခံတွေနဲ့ ရှေ့တန်း အသိုင်းအဝိုင်းဆီက စုံစမ်းသိရပါတယ်။

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးကြဲတိုက်ခိုက်နေ

ကချင်ပြည်နယ် ဗန်းမော်တိုက်ပွဲမှာ မနေ့ ဧပြီ ၂၉ ရက်နဲ့ ဒီနေ့ ၃၀ ရက်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗန်းမော်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲ ပြန်လည် ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မနေ့ ဧပြီလ ၂၅ ရက်နေ့မနက် ၄ နာရီ ဝန်းကျင်ခန့်ကစပြီး ဒီနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ၂ ရက်ဆက်တိုက် တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။