ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ၆ ရက်အတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ‌‌၆ ရက်အတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ် ကသာခရိုင်၊ ဗန်းမောက်မြို့ကို မနေ့ စက်တင်ဘာလ ၂၀ ရက် ညပိုင်းက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။