ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ် ကျဆုံးမှုရှိ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံး ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

ပဲခူးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး (၁) ဦးအပါ (၆) ဦး သေဆုံး၊ ၅ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပဲခူးတိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ

တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ‌ပဲခူးတိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်-၂ စစ်ဆင်ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။

ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမအတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်မှာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မ‌‌တော် အမှတ်၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးမြစ်ရေလျှံတက်မှုကြောင့် ပဲခူးမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်

ပဲခူးမြစ်ရေလျှံတက်လာမှုကြောင့် ပဲခူးမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ချေမှုန်း၊ စစ်သား ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဖြူးမြို့နယ်ထဲက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ် အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်း ၇ ခုကို တောင်ပိုင်းစစ်‌‌ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ခံတပ်နဲ့ ကရင်တပ်မတော်- KNU/KNLA ပူးပေါင်းတပ်‌ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်မှာတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။