မာည်းရူပ ၊ ကျံရ်အောဂ်ုတ် ဆငည်း 19၊ မိုဂူႈ
တိုအိးအရာပ်ကဲ က္လာင်းဒါႈ ဂေါႇမိုႈနောႈမှည် ဖေးရာန်ယာန်ပ်ုရ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ကပီုန်ဒါင်းမန္တလေး တိုအီးကီုင်းမိုဂူႈကဲ ဒဝ်ဒိုည်ႇအောႏ။
ကဲဒါႈ အဒိူဝ် ကျံရ်အောဂ်ုတ် ဆငည်း 19 နီန် တိုအီးကဲအီခ္လေါႈဟာဝ်းႎီရ် ခေဲင်ကီုင်းမိုဂူႈနီန် အ်ုန်ဘြေ့ဖါ်ႈ တိုအီးအရာပ်ကဲ ဟည်ဒဝ်ဟာဝ်းဒိုည်ႇ ဒီလောတ်ဖေးရာန် ပမန္တလေး ကာည်း ရန်ကုန်နီန်အောႏ။
ကောန်အီမာည်းအူအီး အ်ုန်အီဂေါည်ခေဲင်ကီုင်းမိုဂူႈနီန် အူအီးက္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ“ တိုအီးကီုင်းမိုဂူႈနီန် ခည်ဂီုန်းအ်ုန် ဟည်ဒဝ်ဒိုည်ႇ။ ခေဲင်ကီုင်းမာ် ကံပ်ယေန် ကံပ်အာဝ်မိူဝ်ႈတိုအီး။ ကဲဂေါည်ဂေါည်ဒါယာန်ပ်ုရ်ပျောႈ တိုအီးကဲမာ်ဟည်ယော။ ခေဲင်ကီုင်း တိုအီးကံပ်ဘြေ့”။
ကဇေန်နီး တိုအီးကီုင်းမိုဂူႈကဲ 3 ပူန် 2 ပူန်နီန် ဟည်ဒဝ်ဒိုည်ႇဖါ်ႈ မိုႈလိူည်တိုအီး အီအာဝ်ဘယ်ဒေဒါ ရိူန်းခြီရ်ကဲဂဲနီန် ကီုက်ခေဲင်ကီုင်းအောႏ။
ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ ခေဲင်ကီုင်းမိုဂူႈနီန် ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ မိုႈကယေင်ဒါပျောႈဟာဝ်းဘျုင်ဒီဂေါည်ဂီုန်းတိုအီးအရာပ်ကဲနီန် စီပဲန်တိုအီး ယံမ်းဟာဝ်းဂီုန်းအောႏ။
ခည်ကျံရ်အောဂ်ုတ် ဆငည်း 14 ဒိူန်မာ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဘျုင် ခနားရဝ်ရွာသစ် ကာည်း ရွှေကူ ပငါးပတ်တောင်နီန် တိုအီးအရာပ်ကဲ ယံမ်းဟာဝ်းပွံတ် 21 အီးအောႏ။
ဆဲႈဒီန် ခည်ကျံရ်အောဂ်ုတ် ဆငည်း 17 ခီညှာ ကပံတ် 9 နြီဒိူန်မာ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဘျုင်ခေဲင်ကီုင်းမိုဂူႈ ကဒါႇလေႈဆာင်ငည်းနီန် တောပ်ပည်ကောန်ကညောမ်အူအီး 3 အီးယံမ်းဟာဝ်း၊ အမှိူဝ် ကျံရ်အောဂ်ုတ် ဆငည်း 18 ဒိူန်မာ် ကဲပျောႈဟာဝ်းဘိုး ပမိုဂူႈကဒါႇလီပ်ဆာင်ငည်း နီန် တိုအီးအရာပ်အူအီး ကတူႈဖေးဘာတ်ဟာဝ်းအောႏ။
ကဒါႇဆီုက်ငါးတံပ်ကညာအာဏာဆီုက်ဇေဝ် ကဲအီကကာမ်း ထိုးဟာဝ်းကဒါႇဒေင် နော်င်ခေဝ်ကာည်း မိုဂူႈနီန် ဟည်ရောတ်စာ်မ်းဖါ်ႈ ခနားလုံခဲကာည်း နာခါး၊ ဆီုင်ဒါ့်ပဲန်အူန်း ပ္လေါည်ကတီုက်ကပဴင်နီန်အောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။