လိုည်းထိုည်း၊ ကျံရ်ဇူန် ဆငည်း 16၊ တေင်နီ
ဘိူန်းအယ်နံပ်တောပ်ဘည်က္လာင်း တိုအီးရဝ်ကောင်းဟော် ကောန်အီပ်ုန်အူအီးဒါႈ ဒီဘိူန်းတံပ်ကိုကာင် MNDAA ကဲတထိင်ခြဲ ပကီုင်းတေင်နီ ရဝ်ပေန်ခ္လကဲဒိူန် MNDAA ကဲ တောႇဟာဝ်းတာဥက္ကဌ ကာည်း တာဘြောင်ရဝ်ကဲရေဲန်ဟာဝ်းပါင်ကမိုန် ကနာည်နံင်ကံပ်ကောန်ဆီုက်ကမည်းအောႏ။
ဇူႈဒါ ခည်ကျံရ်ဇူန် ဆငည်း 10 ရောတ်ကျံရ်ဇူန် ဆငည်း 14 ဒိူန် MNDAA ကဲ လီပ်ဒါႈဟာဝ်း တကောန်အီမာည်းကဲ ခေဲင်ခမိုရဝ်ကောင်းဟော်၊ ဆယ်အူ၊ ဟိုတာ၊ မိူင်လီ၊ နားငီန်းကဲ ကနာည်နံင်ရေဲန်ကောန်ဆီုက်။
ကောန်အီပ်ုန် အ်ုန်အီဂေါည်ပရဝ်ကောင်းဟော်နီန် အူအီးက္လာင်းဒါႈ “ ဟည်ဘိူန်းအူနှား ကဲလီပ်ခေဲင်ရဝ်တောႇဟာဝ်းပါင်ကမိုန် ကနာည်နံင်ရေဲန်ဆီုက်နီန်။ တောပ်ပည်ႎံရ်ခြိူဝ်းဆျှံမ်၊ ႎံရ်ခြိူဝ်းတအာင်း။ အာဝ်မိုႈစိကဲကံပ်အဓမ္မ။ ကဲတောႇဖါ်ႈလာ်ဒါ စီရေဲန်ပါင်ကမိုန်။ ကဲက္လာင်းဒါႈ ဆာ်အယ်ရေဲန်ဆီုက်နီန် ဘည်မှောအယ်နံင်ဘိူန်းရူရ်ႈအ်ုန်ကာည်း ထာန်မှောအယ်ဘိူန်းရူရ်ႈကျံရ်ကဲနီန်”။
အ်ုန်က္လာင်းဒါႈဘိုး ကဲဒါႈ ရဝ်အူရဝ်ဒီန် ဒီဘြေ့အ်ုန် နံင်လိုဟာဝ်း 20 အီး ဂေါႇဘည်ဒီန် တိုအီးရဝ် ကာည်း ရမာပေန်ခ္လကဲဒိူန် ကဲဒါႈကီန်ဒည်းဇာဝ်း ကနာည်နံင်ဟာဝ်းနီန်အောႏ။
မိူဝ်ႈဘိူန်း ကောန်အီပ်ုန်သိန္နီအူအီး က္လာင်းဒါႈ “ ဆငည်းအာည်ႇဒိူန်ယိူဝ်းအေ့ကဲက္လာင်းခေဲင်က္လာႈ။ မိုႈတကဲအာဝ်ဆိင်ရေဲန်ဆီုက်ဒီႈဒါ။ ကဲဒါႈကဲလိုရေဲန် ကနာည်နံင်ဟောမ်ဟာပ်တိုအီးပဂါင်ဒီႈ”။
ကောန်အီပ်ုန်နီန် ဆီုက်က္လာင်းဒါႈဘိုး အ်ုန်ဂီုည်လေႈအူန်းဆဒါင် ကဲနံင်ႎီရ်ဒဲႈကီုင်းတေင်နီနီန်တ တံပ်ကညာအာဏာဆီုက်ဇေဝ် ဂေါႇဘည်ဒီန် တိုအီးအရာပ်ကဲ ခည်ဂီုန်းအ်ုန် ကဲဂီုည်နောႈမှယ် ဆဲႈဒီန် နောႈကီန်းဘိုး ကနာည်နံင်ထာမ်းဇီုင်းကာန်ဆီုက်နီန်အော။
ကီုင်းတေင်နီနီန်မိုႈ တံပ်ကပိုမ်ကာည်း တံပ်ဆီုက်ကိုကာင်ကဲ တီုက်ယာ်ႈဘိူန်းဟာဝ်း အိုရ်ဆီုင်လံပ်တီုက်နာန်း 1027 ဒေါန်အူဒိူန်အောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
ဆဒါင်ဆျှိုည်ဖီမျေဂဲနီန် အာဝ်ဝံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်နီန်။