ာည်းရူပ၊ ကျံရ်မာချှ် ဆငည်း 15၊ အေဲမ်ကိုက်
တိုအီးခေဲင်အရာပ်အေဲမ်ကိုက်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ ပ္လေါည်ကတီုက်ကပဴင် ပ်ုန်ပဲန်ခနား ဖုင်ဘဝ်ကီုက်ဒါင်း အီမိုႈတံပ်နာန်းတအာင်း – TNLA ကဲကာည်း တံပ်ကိုးကာင်း – MNDAA ကဲ ပကီုင်းအေဲမ်ကိုက် ကပီုန်ဆျှံမ်ကဒါႇပိူည်နီန် ဆီုင်ဒါ့်ရဲင်အူန်းအောႏ။
ဇူႈပွံတ်ကျံရ်မာချှ် ဆငည်း 15 ခိင်ညှာကပံတ် 6နြီဒိူန် တံပ်ကိုးကာင်းကဲ ႎီရ်ထိုးလီပ်ဖါ်ႈ ခေဲင်ဇံင် – 5ကာည်း ဇံင်-8 ကီုင်းအေဲမ်ကိုက်နီန် ကဇေန်နီး ကဲဟည်ကႎိင်လာ် ကဒါႇဗျူဟာကုန်း အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း TNLA ကဲအောႏ။
ကောန်အီမာည်း ကဝ်အီဂေါည်ခေဲင်အရာပ်အေဲမ်ကိုက်နီန်အူအီး က္လာင်းဒါႈ “ကဲဟည်ယိူဝ်ႇကလေဲႈ အိုရ်ဆီုင်ခိင်ညှာ 6နြီဒိူန်။ ကဲဟည်တီုက်ဟာဝ်း ကဒါႇဗျူဟာကုန်း။ ဆာ်ဘိူန်းဗျူဟာကုန်း တံပ်ကိုးကာင်းကဲ စီနှေရ်လာ် နံင်ဘိူန်းဒိုႇ ကီုင်းအေဲမ်ကိုက်နီန်။ အဒိူဝ်မိူဝ်ႈအေ့ ဘည်ဇောႈလူဟာဝ်း ဒရုင်ကိုးကာင်းကဲ အူကြောင်”
ဆာ်မိုႈခေဲင်ကီုင်းအေဲမ်ကိုက် အ်ုန်ဟည်ယေန်ဖါ်ႈ ကူန်ရဝ်မာဂါင်ကဲမာ် ဂီုည်ဂေါည်လိူည်ခေဲင်ဂါင်အောႏ။
ဇူႈပွံတ် ကျံရ်မာချှ် ဆငည်း 14ဒိူန် တံပ်ကိုးကာင်းကဲ ဟည်ဒါပွံတ် ရဲင်ဘ္လောမ်ပေန်ဟြဲင်အီး ထိုးလီပ် ခေဲင်တံပ် TNLA ကဲ တောပ်ပည်ကီုင်းအေဲမ်ကိုက် 105 မဲင်ႏ၊ နံမ်ဖကာ၊ မိုင်းဆီးကဲနီန် 5ဒီန်အာဝ်ယောမ်အောႏ။
ယိူဝ်ႇတမိုႈ တံပ်နာန်းတအာင်းကဲ တောပ်ဒေပႎဲႈ CCTV ပ်ုန်က္လံပ်အူန်း MNDAA ကဲ ခေဲင်ကီုင်းအေဲမ်ကိုက် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်နာန်းတအာင်းကဲ ဘံန်ဟောည်ႇလှေင်ဒေဲႈ ဘည်လည်ကခြဲင်ကဲနီန် ဘြည် 1ကျံရ် စီပဲန်ဒေဲႈပွံင် ဘံင်ပ္လေါည်ကတီုက်ကပဴင်ကဲနီန်အောႏ။
ကဒါႇတံပ်တအာင်းကဲ ဘိူည်ပ္လိူရ်ႈလေႈ ခည်ကျံရ်မာချှ် ဆငည်း 14ဒိူန်ဒါႈ ကဲနံင်ရီန်းရဲတ်ဒေ ကတူႈကငျား လည်ကမိုန်ကဘ္လာင်းဆာင်လာင်ဟာဝ်း ပျဆနာပ်ုန်ပဲန်ဒေဲႈ ခနား MNDAA ကာည်း တံပ်နာန်းတအာင်းကဲနီန်မာ် ကဒါႇတံပ်ကိုးကာင်းကဲ ဂီုည်ဒါႈလိူည် ကဒါႇတံပ်တအာင်းကဲ နံင်ဘ်ုပ်လာည်းဇီုင်းကပ္လိူင် ကနာည်ပျဆနာ ပ်ုန်ပဲန်ဒေဲႈလှေနီန်နီးအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်ကဲနီန်အောႏ။