မာည်းရူပ၊ ကျံရ်ဒီဆဲမ်ဘာ ဆငည်း 23၊ မိုဂူႈ
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်လီပ်ဒေဲႈဖါ်ႈ ခေဲင်ကီုင်းမိုဂူႈ ကပီုန်ဒါင်းမာန်းတလေး ဘံန်လှေင်ဘြည်အူနှား ကောန်အီမာည်း ရဝ်ပိန်းပြစ် ခြိူဝ်းမျိုးလီဆူ ကဲအီကတူႈတိုည်းနီန် 3အီး ဟည်ဘိူန်းဒေလေႈဒေဲႈယာ့်အောႏ။
ကောန်အီပ်ုန် ကဝ်အီဂေါည်ပမိုဂူႈနီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပ္လေႈႎီရ်ကဲ 3အီးဒီန် ခည်ကျံရ်ဒီဆဲမ်ဘာ ဆငည်း 19ဒိူန်အောႏ။
အ်ုန်ဒါႈ “ခြိူဝ်းလီဆူ ပ်ုန်တိုည်းဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ 3အီးဒိူန် ဟည်ဘိူန်းဒေလေႈယာ့်။ ခိင်တိုည်းအူန်းကဲဒီန် ကဲကတူႈဘိုးမဲႈ”
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တိုည်းဟာဝ်းတိုအီးရဝ်ပိန်းပြစ် ခြိူဝ်းမျိုးလီဆူ ကဲအီမိုႈ ဉီးသိန်းလေး၊ ဉီးဆီးမီး၊ မောင်ဇီဆီးကဲနီန် 3အီး ပဂေက် 5မဲင်ႏ အီလီပ်ခေဲင်ကီုင်းမိုဂူႈနီန် ခည်ကျံရ်ဒီဆဲမ်ဘာ ဆငည်း 2ဒိူန်အောႏ။
ကဇေန်နီး တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခွါင်းအူန်းဖါ်ႈအီးလီပ်လီပ်လေႈလေႈ ခေဲင်ကီုင်းမိုႈဂူႈ ဆာ်မိုႈဘည်စေတ်မေန်းနီန် ကဲပ်ုန်ရဲင်အူန်းအောႏ။
ကဇေန်နီး ဆီုင်ဂီုည်မိုႈလိူည် တိုအီးခေဲင်အရာပ်ကဲ ကဒါႇဘြေ့ အီႎီရ်ဒေဲႈဖါ်ႈ ခေဲင်ဆငည်းကဲနီန် ဟံမ်းဂီုည်ယေန် အာဝ်ယိူဝ်းစိ ဆဒံင်ဟံမ်းဆနာတ်အောႏ။
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ကဲလီပ်ဒေဲႈခေဲင်ကီုင်းမိုဂူႈကာည်း ခေဲင်ကီုင်းမိူင်းမီတ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်းကဲ ခည်ကျံရ်နိုႎဲမ်ဘာ ဆငည်း 29ကာည်း ဆငည်း 30ဒိူန် တောပ်ပ်ုန်လီပ်ကမိုန်ဒဲႈခယ်ကဲအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေနီန် အာဝ်ႎံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်ကဲနီန်အောႏ။