The Latest
ပအေဲမ်ကိုက် ကညာဆဴင်ကအူအီး ရီန်ဒေလီလာနဘာည်းတ ကဝ်အီရေဲန်ဇီုင်းခေဲင်ဆဴင်
ကဝ်အီကဒံပ်တောပ် အီရေဲန်ဇီုင်းကာန်ခေဲင်ဆဴင်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ကပီုန်ဆျှံမ်ကဒါႇပိုည် ပကီုင်းအေဲမ်ကိုက်နီန် ကညာဆဴင်ဂ်ုပ်ကိင်အူအီး ရီန်ဒေလီလာနဘာည်းတ ကဝ်အီရေဲန်ဇီုင်းခေဲင်ဆဴင် ကောန်အီပ်ုန်အူအီးအောႏ။
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့ ထုတ်ပြန်
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ မွန်ခမာမျိုးနွယ်ဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။
သီပေါမှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦး ဖမ်းဆီးစစ်ဆေးခံရ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ
ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။