The Latest
ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စက်တပ်လေထီးကို ပူးပေါင်းတပ်တွေ ပစ်ချနိုင်ခဲ့
မကွေးတိုင်း ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး (ပါရာမော်တာ)ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
လားရှိုး- တန့်ယန်းလမ်းခွဲ ဟိုယရွာမှာ တရုတ်ကုန်ပစ္စည်း တင်တဲ့ကားတွေကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထား
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုး- တန့်ယန်းလမ်းခွဲ ဟိုယရွာမှာ တရုတ်ကုန်ပစ္စည်း တင်တဲ့ကားတွေကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
လံပ်အရေးဆီုက် တံပ်ကိုကာင် ကာည်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကဲဂီုည်ဘ္လောမ်အူန်းဖါ်ႈ နှာရိူဝ်ႇကီုင်းလာဆေဝ်နီန် ကဒါႇနံမ့်ပေါင် ကာည်း ပရဝ်သံလွင်နီန်မာ် တံပ်ကိုကာင်ကဲ ဂီုည်ဟာပ်အူန်းရဲင်ဘ္လောမ်ဆီုက်
ဖုင်ဆျှိုည်ဖီမျေကဲ ဘိူန်းတခေါရ်နံပ် ဂေါႇပ်ုန်ဆူည်ႇ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲတ က္လိုတ်ဗီရ်နီန် တံပ်ကိုကာင် ကာည်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပဲန်လံပ်အရေးဆီုက်ကဲဂီုည်ဘ္လောမ်အူန်း နှာရိူဝ်ႇကီုင်းလာဆေဝ်အောႏ။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PNOတို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် ၃ ဦး သေဆုံး
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNOတို့က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရွေးကောက်ပွဲကာလ နှစ်လအတွင်း တမူးမြို့ခံပြည်သူတွေ ပြန်မလာပါက နိုင်ငံသားအဖြစ် ရပ်စဲမယ်လို့ ခြိမ်းခြောက်
စစ်ကိုင်းတိုင်း၊ တမူးမြို့ခံပြည်သူတွေ ရွေးကောက်ပွဲကာလ နှစ်လအတွင်း ပြန်မလာပါက နိုင်ငံသားအဖြစ် ရပ်စဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။