မင်္ဂလာမူဆယ်မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးက ရေကန်တောင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ရေကန်တောင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတချို့က ရွှေဖီမြေကို ပြောပါတယ်။

မတ္တရာမြို့နယ်တစ်ခုလုံးနီးပါး စစ်ကောင်စီ ပြန်ထိန်းချုပ်၊ စဥ့်ကူးဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေ

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး မတ္တရာမြို့နယ်တစ်ခုလုံးနီးပါး စစ်ကောင်စီ ပြန်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တချို့က ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်မဲက တောင်ပေါ်ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာ

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲအထက်မှာရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ရွာခံတွေ များပြားလာတယ်လို့ ဒေသခံတွေက ရွှေဖီမြေေကို ပြောပါတယ်။

ကလေးမြို့နယ်မှာ ဒေသခံတွေရဲ့ လယ်ထဲက စပါးတွေကို စစ်ကောင်စီက ခိုးယူရိတ်သိမ်းနေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုလ်၊ ခုံသာ၊ ထိုမာ၊ ထောက်ကြန့် စတဲ့ကျေးရွာတွေက ဒေသခံတွေရဲ့ လယ်ထဲက စပါးတွေကို စစ်ကောင်စီတပ်တွေက ခိုးယူရိတ်သိမ်းနေတယ်လို့ မျက်မြင်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တာလုံချောင်းမှာ ငွေပိုပေးနိုင်တဲ့ ကားတွေကိုသာ SSPP တပ်က ဦးစားပေးပြီး ချောင်းကူးပေးတာကြောင့် တချို့ကားသမားတွေ အချိန်ကြာ စောင့်ဆိုင်းရ

ရှမ်းမြောက်က သီပေါတံတား ပိတ်ထားတာကြောင့် လားရှိုး-မန္တလေးသွားတဲ့ ကားတွေ ကွင်းလမ်းအနေနဲ့ အသုံးပြုနေရတဲ့ တာလုံချောင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ငွေပိုပေးတဲ့ကားတွေကို အရင်ခေါ်ပြီး ချောင်းကူးပေးနေတယ်လို့ ကိုယ်တိုင်မြင်ခဲ့ရသူ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

First Batch of Ta’ang Education Students Awarded Diplomas

The Ta’ang Land Education Council (TLEC) awarded Diplomas in Education to 117 students from the inaugural cohort of the Ta’ang Education Academy (TEA), which was founded and led by the TLEC.

ပအိုမ်ယ်ုရ် ကောန်အီပ်ုန် ကဝ်အီဘိူန်းအဆာက် 14 ဆန်ုမ်နီန်အူအီး ကတူႈအီလီလာနဘာည်း၊ ဖုင်ပလိက် PSLF/TNLA ကဲဟည်တိုည်းအူန်း ကောန်အီမာည်း ကဝ်အီလူည်ႇအမှုဒီန်

ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပလှံင်အိုမ်ယ်ုရ်နီန် ကဝ်အီဘိူန်းအဆာက် 14 ဆန်ုမ် ကောန်အီပ်ုန်ကောန်ကျောင် 7 တာန်း နီန်အူအီး ကတူႈအီလီလာနဘာည်းဟာဝ်း။

၆ ရက်ကြာ ပိတ်ထားတဲ့ နောင်ချို-ကျောက်ဂူလမ်း ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြု

ရှမ်းမြောက် နောင်ချိုနဲ့ ရှမ်းတောင် ရပ်စောက် ကျောက်ဂူလမ်းကို စစ်ကောင်စီတပ်က ၆ ရက်ကြာ ပိတ်ထားခဲ့ရာ မနေ့ နိုဝင်ဘာ ၂၃ ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် တဲကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။