စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် စဥ့်ကူးမှာ တော်လှန်ရေးတပ်တွေ နယ်မြေဆက်တိုက်လက်လွှတ်နေရ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဆက်တိုက်ထိုးဆင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နယ်မြေတွေ လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။