Millions Kyats of Bribes Keep Gambling Den Running in Lashio, Residents Disturbed

A gambling den on 19 Street in Ward (7) of Lashio, the capital of northern Shan State—currently under junta’s control—continues to operate by paying a total of 30 million Kyats for monthly to related regime departments, according to a resident who spoke to Shwe Phee Myay.

ပ 105 မဲင် ကားတာင်မာဝ်းဗျုင်နီန် ဘရိက်အ်ုန်ပဲန်ဖါ်ႈပဒူႈ စီလီပ်ဒူႈဟာဝ်းတိုအီးကဲ 2 အီးယံမ်းဖါ်ႈ 8 အီးကတူႈဖေး

ကောန်အီမာည်း ကဝ်အီနံပ် ဘည်မိုႈဘည်ဘာည်းနီန်အူအီးက္လာင်းဒါႈ ဒီဘိူန်းဘဝ်ကီုက်ဒါင်း 3 ဖုင်ကဲတထိင်ခြဲ ပလှံင်မူစယ် ခေဲင်ကီုင်း 105 မဲင်နီန် ကားတာင်မာဝ်းဗျုင်နီန်အူကြောင် ဘရိက်အ်ုန်ပဲန်ဖါ်ႈပဒူႈ စီလီပ်ဒူႈဟာဝ်းတိုအီးကဲ ဂေါႇဘည်ဒီန် 2 အီးယံမ်းဖါ်ႈ 8 အီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။

မိုးကုတ်မှာ စစ်ကောင်စီက စစ်အင်အားတွေ ထပ်ဖြည့်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေ

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ​မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့ မြေပြင်အခြေအနေသိရှိတချို့က ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီပြန်ထိန်းချုပ်

မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း.သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိတွေက ရွှေဖီမြေကိုပြောပါတယ်။

မူဆယ်မှာ လစာကောင်းရမယ်ဆိုပြီး ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄နှစ်အရွယ် အမျိုးသမီးငယ်လည်း ပါဝင်နေ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ လစာကောင်းရမယ်ဆိုပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မော်လိုက်မှာ စစ်ကောင်စီလက်ထဲ ယာယီဆုတ်ခွာပေးလိုက်ရတဲ့ တပ်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ပြီးနောက် စကစ ရုပ်အလောင်း ၆ လောင်းနဲ့ လက်နက်တချို့ ရရှိ

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ဆွတ်နန်းရွာအနီးက စစ်ကောင်စီလက်ထဲ ယာယီဆုတ်ခွာပေးလိုက်ရတဲ့ ရန်ကင်းတောင်စခန်းကို Mawlaik Revolution တပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

AA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲဲ့ကြောင့် လူထုတွေရဲ့ လူမှုစီးပွားအခြေအနေ ပိုဆိုးရွာစေခဲ့တယ်လို့ စစ်ခေါင်းဆောင် အပြစ်တင်

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အာရက္ခတပ်တော်- AA အပါအဝင် တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် လူထုတွေရဲ့ လူမှုစီးပွားအခြေအနေ ပိုဆိုးရွာစေခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။

နမ့်ခမ်းမြို့နယ်ထဲ ‌ကျေးရွာအုပ်စု ၅ ခုမှာ KIA က A၊ B၊ C အဆင့် သုံးဆင့်ခွဲပြီး အိမ်တိုင်း ဆန်၊ ငွေ၊ ဆားတွေ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ အခက်‌တွေ့နေ

ရှမ်းမြောက် တအာင်းတပ် TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၅ ခုကို ကချင်တပ်မတော်-KIA တပ်က A၊ B၊ C အဆင့် သုံးဆင့်ခွဲပြီး ဆန်၊ ငွေ၊ ဆားတွေကို အခွန်ကောက်ခံတဋကြောင့် ဒေသခံတွေ အခက်‌တွေ့နေကြတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၁၀၅ မိုင်မှာ ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လူတွေ ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လူတွေကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးမှာ လမ်းခွဲစကားပြောတဲ့ အမျိုးသမီးကို ရည်းစားဖြစ်သူ အမျိုးသားက ဓားထိုးမှုဖြစ်

လားရှိုးမြို့နယ်နဲ့နမ္မတူအဆက် မန်စံရေကျကျေးရွာမှာ ချစ်သူရည်စားဖြစ်သူ ၂ဦးက စကားများရာကနေ ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။