The Latest
ကူမင်းမှာ ဆွေးနွေးနေချိန် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်အစပ်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ စစ်ရေးအရှိန် လျှော့ချရေး ဆွေးနွေးနေချိန် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ် အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ စစ်တပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေးတပ်နဲ့ပူးပေါင်းတပ် သိမ်းပိုက်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေးတပ်နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။
ကရင်ဒေသမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ ဒေသခံ ၅ ဦး ဒဏ်ရာ ရ
ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ (သထုံ)ခရိုင် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ ၁ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ပြော
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park စတဲ့နေရာက အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။