မိုင်းဝီးမှာ မီးသွေးတင်ကားတစ်စီးကို KIA က ၂ သိန်းအထိ တောင်းခံ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ ကချင်တပ်မတော်- KIA က မီးသွေးတင်ကားတစ်စီးကို ငွေ ၂ သိန်းအထိ တောင်းခံနေတယ်လို့ မီးသွေးတင်တဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ပြောဆိုပြန်

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ပြောကြားပြန်ပါတယ်။

မူဆယ်မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အမျိုးသားဟာ မူးယစ်ဆေး သယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစုဝင်‌ ပြော

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဦးသန်းထွေးအောင်ဟာ မူးယစ်ဆေးသယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစု‌ဝင်က ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ခုခံနေ

ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ် ဗန်းမော် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးကာ အပြင်းအထန် ခုခံနေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်နဲ့ “ဝ”ဒေသကို ဆက်သွယ်ထားတဲ့ တံတားနှစ်ခုမှာ ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်ပြီ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသနဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ “ဝ”ဒေသကို ဆက်သွယ်ထားတဲ့ တံတား ၂ ခုမှာ ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်ပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ စစ်တပ်စခန်းကုန်းတစ်ခုကို CDF Asho သိမ်းယူ၊ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကုန်းတစ်ခုကို ချင်းဒေသ ကာကွယ်ရေးတပ်- အရှို (CDF-Asho)က သိမ်းယူပြီး တစ်ရက်အကြာမှာ အဲအနီးနားက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖမ်းဆီးသွားခဲ့တယ်လို့ CDF Asho မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီနဲ့ ထိုင်းက မြဝတီမြို့ဘက် စက်သုံးဆီ သယ်ယူခွင့် ဆက်လက် ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်တွေ့

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ထဲ စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် မပေးတာနဲ့ ထိုင်းနိုင်ငံဘက်က ကျားဖြန်တွေ အခြေချတပ်စွဲထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြဝတီမြို့ထဲ စက်သုံးဆီနဲ့လျှပ်စစ်မီး ဖြတ်တောက်ခဲ့တာကြောင့် စက်သုံးဆီ ပြတ်လပ်တဲ့ ပြဿနာကို ဒေသခံတွေ ကြုံနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဟားခါးမှာ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံရတဲ့ စစ်သား ၄ ဦး CNA ထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် ၃ စခန်းမှ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်သား ၄ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ချင်းအမျိုးသားတပ်မတော်- CNF/CNA ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Information Center က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးက တရုတ်နေအိမ်မှာ အလုပ်လုပ်ခဲ့တဲ့ တအာင်းအမျိုးသမီးငယ်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ တအာင်းအမျိုးသမီးငယ်တစ်ဦးဟာ မိသားစုဝင်နဲ့ ၃ လကြာ အဆက်အသွယ် ပြတ်တောက်သွားတာကြောင့် အဆက်အသွယ်ပြန်ရဖို့ အကူအညီ လိုအပ်နေပါတယ်။

မိုင်းရယ်မှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးရမိတယ်လို့ ပြော

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့ မိုင်းဟဒေသမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန်) လုပ်ကိုင်သူ ၂၉ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။