ဒီးမော့ဆို အနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ဆေးပေးခန်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ညောင်ရွှေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်‌အရေးလှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်မှုထမ်း အကျုံးဝင်သူတွေကို မူဆယ်ကနေ တရုတ်ပြည်ဘက် ဝင်ရောက်ဖို့ ကန့်သတ်လိုက်ပြီ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက် သွားရောက် အလုပ် လုပ်ကိုင်သူထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ‌မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ် ၈၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ်က အခြေခံ စစ်သင်တန်း ပေး၊ စစ်သင်တန်း တက်ထားတဲ့ လူငယ်တွေ အလှည့်ကျ ကင့်စောင့်ပေးရမယ်လို့ဆို

ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ် ၈၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ်- PNO က အခြေခံ စစ်သင်တန်း ပေးထားပြီး စစ်သင်တန်း တက်ထားတဲ့ လူငယ်တွေအနေနဲ့ အလှည့်ကျ ကင့်စောင့်ပေးရမှာ ဖြစ်ပါတယ်။

သိန္နီ ဆိုင်းခေါင်ရွာခံတွေ စိုက်ထားတဲ့ ၁ ဧကခန့်ရှိ ဘိန်းခြံကို TNLA သွားရောက်ဖျက်ဆီး (Edit- 10:17 PM)

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်းခေါင်ရွာက ရွာခံတွေ ခိုးစိုက်တဲ့ ၁ ဧကဝန်းကျင်ရှိတဲ့ ဘိန်းခြံကို TNLA က သွားရောက် ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းကြေးဆိုပြီးဒေသခံတွေဆီ ငွေ‌တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စု ရွှေဘိုစုရွာမှာ ဒေသခံတွေဆီ စစ်မှုထမ်းကြေးဆိုပြီး ငွေ လိုက်တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ရွှေဖီမြေကို ပြောပါတယ်။

မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်၊ ကလေးငယ်အပါအဝင် အရပ်သား သေဆုံးမှု ရှိနေ

စစ်ကိုင်းတိုင်း မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား သေဆုံးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့နယ်အတွင်း စစ်မှုထမ်းခေါ်ယူ‌ရေးမှာ လာဘ်ပေးလာဘ်ယူ လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို လူစားထိုး ခန့်အပ်မယ်လို့ဆို

ရှမ်းတောင် တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို အပြောင်းအလဲ လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကလေးမြို့နယ် ကဗ္ဗနီ မြစ်ကူးတံတားက စစ်ကောင်စီ ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်၊ စစ်တပ်က လေကြောင်းကနေ ခုခံ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကဗ္ဗနိီ မြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သီပေါမှာ ကလေးငယ်တစ်ဦး မိုင်းထပ်နင်းမိပြီး ခြေတစ်ဖက် ပြတ်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ် တုံစင့်ကျေးရွာက အသက် ၁၃ နှစ်အရွယ် စိုင်းလောဝ်ခမ်းဆိုသူဟာ မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားပါတယ်။