ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းလှမြို့ရှိ ဒေသခံ‌ဆီကနေ စစ်မှုထမ်းကြေး ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ခွက်မအုပ်စု ဇရစ်မျှောင်ရွာက အုပ်ချုပ်ရေးမှူး ဦးသန်း‌ထွေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြိီး ၅ နှစ် ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မဲပုတ်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

တာချီလိတ်က အွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်

ရှမ်းအရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်ထဲ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမှာ TNLA တပ်သားက ဒေသခံ ၂ ဦးကို ညိုမဲတဲ့အထိ ဖမ်းဆီးရိုက်နှက်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာရဲ့အုပ်ချုပ်ရေးမှူးနဲ ရွာခံအမျိုးသားတစ်ဦးကို TNLA တပ်သားက တစ်ပတ်နီးပါး ကြာတဲ့အထိ ဖမ်းဆီးထားပြီး ညိုမဲအောင် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမှာ လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီး၊ ၂ လအတွင်း ဖမ်းဆီးခံရသူ ၂၀၀ ကျော် ရှိနေ

စစ်ကိုင်းမြို့ပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းက လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

အပတ်စဉ် စနေနေ့တိုင်းမှာ တအာင်းဘာသာနဲ့ ထုတ်လွင့်တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

အပတ်စဉ် စနေနေ့တိုင်းမှာ တအာင်းဘာသာနဲ့ ထုတ်လွင့်တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

ကလေးမြို့နယ် သံဖိုရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA ဆွေးနွေးမယ်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့အကြား အပစ်ရပ်ရေးအတွက် မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ဆွေးနွေးပွဲ စတင်မယ်လို့ PSLF/TNLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန်က ပုဂ္ဂလိကဆေးရုံ ၉ ခုကို စစ်ကောင်စီ ပိတ်သိမ်းခိုင်းပြန်

ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေဖြစ်တဲ့ OSC၊ ဆာကူရာနဲ့ Grand Hantha အပါအဝင် ဆေးရုံ ၉ ခုကို စစ်ကောင်စီက ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။