အောင်လံမြို့နယ် တပ်ကုန်း‌ကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ‌တွေထဲက ၁၃ နှစ်အရွယ်ကလေးတစ်ဦး ထပ်မံသေဆုံး

မကွေးတိုင်း အောင်လံမြို့နယ် တပ်ကုန်းကျေးရွာက လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေထဲက အသက် ၁၃ နှစ်အရွယ် မောင်လမင်းကိုကိုဆိုသူက ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဟားခါးလူထုခေါင်းဆောင်၊CDF-Hakha အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင် ရုတ်တရက်ကွယ်လွန်

ချင်းပြည်နယ်၊ ဟားခါးမြို့ရဲ့ နွေဦးတော်လှန်ရေးလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းငွန်ဆန်းအောင်ဟာ မနေ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီက Non CDM တွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးလည်ပတ်ဖို့ ကြိုးစားနေ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီက Non CDM တွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးလည်ပတ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်းဗုံးကြဲလို့ မိဘ၂ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ PDF ရဲမေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ NUG ကို မိသားစုဝင်တွေ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးကို ကိုးကန့်တပ်က လွှတ်ငြိမ်းခွင့် ထပ်ပေး

ကိုးကန့်ရိုးရာ ” တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်ဆိုပြီး ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးနဲ့ အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်- MNDAA က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပတာန်ယာန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တောပ်ဒေတိုည်းယာန်အ်ုန်အီအာဝ်မိူဝ်ႈ လည်ဆီန်၊ ဆူည်ႇဘိုးကညာကဲဗီရ်ရောႈဒါရိူန်း ဒါပယာ်ႈဆဲန်

တိုအီးအရာပ်ဒီန် ကောန်အီပ်ုန်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါ; ပကပီုန်ဆျှံမ် ကဒါ,ပိူည် ခေဲင်ကီုင်းတာန်ယာန်နီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တောပ်ဒေတိုည်းဟာဝ်း ယာန်အ်ုန်အီအာဝ်မိူဝ်; လည်ဆီန်ကဲဒိူန် ဟောည်,ဒီန် ဆူည်,ဘိုးကညာကဲဗီရ်ရော;ဒါရိူန်းဒါပယာ်;ဆဲန်အောႏ။

Two Men Killed in Drone Bomb Explosion Near Sittan Gone, East Mogok

Two local residents were killed when a drone bomb exploded near the Sittan Gone junction in eastern Mogok Township, Mandalay Region—an area recently retaken by the junta’s military—according to the residents.

ဖားကန့်မှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ မဲရုံတွေ ပိတ်လိုက်ရပြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ အတွင်း မြို့ပေါ်က မဲရုံတွေ ပိတ်လိုက်ရတဲ့ အနေအထားရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ကျောက်မဲမှာလည်း မဲပေးသူ ၅ သောင်းကျော်ရှိတယ် ပြော

ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း (၃) အဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကျင်းပတဲ့ ကျောက်မဲမြို့မှာ မဲလာပေးသူ (၅၀,၂၉၆) ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။