မူဆယ်မြို့နယ် ခိုတင်ရွာမှာ ကျားဖျန့်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်အချို့က လုံခြုံရေးယူပေးနေ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုတင် (ခိုတေင်) ကျေးရွာအနီးမှာ ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်တပ်အချို့က လုံခြုံရေးယူပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဝက်လက်နယ်ထဲ အသေခံဒရုန်းနဲ့ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆေးဝါး လုံလောက်မှု မရှိလို့ ရှားတောမြို့နယ်က စစ်ရှောင်ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွါးနေပြီး ကူးစက်မှုမြန်ဆန်နေ

ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်အများစုဟာ အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Ku Reh က ရွှေဖီမြေကို ပြောပါတယ်။

UWSA ထိန်းချုပ်နယ်မြေမှာ အမျိုးသားတစ်ဦးက မွေးစားအဖေဖြစ်သူကို သတ်ပြီး အလောင်းကိုမီးရှို့လိုက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့၊ သတင်းထွက်ပေါ်တဲ့အတိုင်း လူသားစားထားခြင်းမရှိသလို ကျူးလွန်သူကလည်း ‘ဝ’လူမျိုးမဟုတ်

“ဝ”တပ် UWSA ထိန်းချုပ်နယ်မြေ ၁၇၁ စစ်ဒေသဖြစ်တဲ့ ရှမ်းရှေ့ မိုင်းတုံမြို့နယ် မိုင်းကျွတ်ရွာမှာ သားဖြစ်သူဟာ ဆေးကြောင်တာကြောင့် ဖခင်ဖြစ်သူကို သတ်ပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီး တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန်တုံမှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွါးပြီး နေအိမ် ၁လုံး ပြာကျ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မန်တုံမြို့နယ်က အောင်ချမ်းသာရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမှာ ကလေးငယ်တစ်ဦး ရေဆော့ကစားရာကနေ ရေနစ်သေဆုံး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်အနီးရှိ ရာဘာခြံအနီးမှာ ကလေးငယ်တစ်ဦး ရေအိုင်ထဲ ရေဆင်းဆော့ကစားရာကနေ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်မောက်မှာ မင်္ဂလာဆောင်သွားတဲ့ သားအဖနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းမီးရှို့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းက ဒေသခံ သားအဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်ကာ ထန်းလျက်ဖိုအတွင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ BP(စာအုပ်နီ)ရက်လွန်သူတွေကို လဝကဝန်ထမ်းတွေက ငွေအဆမတန်တောင်းနေ

တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်တွေမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီ ရက်လွန်သူတွေကို မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ ၅)လဝကဝန်ထမ်းတွေက ရက်လွန်ကြေးအဆမတန်တောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းရဲတပ်ဖွဲ့က တစ်နှစ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃၀၀ ကျော်နဲ့ သုံးစွဲသူ၂ ထောင်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆို

တအာင်းတပ်မတော် – PSLF/TNLA ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃၁၆ ဦးနဲ့ သုံးစွဲသူ ၂,၁၅၅ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီးမှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။