ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်၊ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။

ရှမ်းတောင်ထွက် ဘိန်းတွေ စတင်ခြစ်ထုတ်နေပြီး ဘိန်းတစ်ပိဿာကို ၁၀ သိန်းဝန်းကျင်ရ

ရှမ်းတောင်မှာ လက်နက်ကိုင်တွေဆီ အခွန်ဆောင်ပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ ဘိန်းတွေ စတင်ခြစ်ထုတ်နေပြီး ဘိန်းတစ်ပိဿာကို ၁၀ သိန်းကျပ်ဝန်းကျင် ရနေပါတယ်။

တပ်သား ၂ ဦး ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံးမှုဟာ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကြောင့်ဆိုပြီး MNDAA က အမျိုးသမီးငယ်ကို လဝက်ကျော်ကြာ ဖမ်းဆီးထား

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုးကန့်တပ်- MNDAA က လဝက်ကျော် ကြာတဲ့အထိ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဟိုပန်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိ၊ ဖမ်းဆီးရမိသူတွေကို တရုတ်ထံ လွှဲပြောင်းပေးမယ်လို့ UWSA ပြော

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချိုမြို့နယ်ထဲက TNLA လက်လွှတ်ထားရတဲ့ နေရာတချို့မှာ ပြန်လည် ထိုးစစ်ဆင်၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ TNLA က လက်လွှတ်ထားရတဲ့ နေရာတချို့မှာ ထိုးစစ်ဆင်တာတွေ ပြန်လုပ်နေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဟိုပုံးမှာ ပြည်ပရောက် လူငယ်တွေကို PNA က ခြိမ်းခြောက်ပြီး စစ်မှုထမ်း ခေါ်ယူ၊ စစ်မှု မထမ်းရင် နေအိမ် ချိတ်ပိတ်မယ်လို့ပြော

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်းစာရင်း ကောက်ခံထားပြီး ပြန်မလာတဲ့သူတွေကို နေအိမ် ချိတ်ပိတ်မယ်လို့ ပအိုဝ်းပြည်သူ့စစ်- PNA က ခြိမ်းခြောက်ထားပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၅၃၀ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့ မဲရူးဈေးကြီးမှာ မြန်မာနိုင်ငံသား ၅၃၀ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

KBZ ဘဏ် တစ်ကိုယ်တော် ဓားပြတိုက်မှုမှာ ကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင် သိန်းဇော်ဦးကို ဖမ်းဆီးရမိ

မန္တလေးတက္ကသိုလ်အနီးက KBZ ဘဏ်ကို တစ်ကိုယ်တော် ဓားပြတိုက်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် သိန်းဇော်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

အပတ်စဉ် တအာင်းဘာသာသတင်း စုစည်းတင်ဆက်မှု

အပတ်စဉ် စနေနေ့တိုင်းမှာ တအာင်းဘာသာနဲ့ ထုတ်လွှင့်တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။