The Latest
ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းဆိုင်ထဲ ဝင်ရောက်လုယက်လို့ မြို့ခံတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်
ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် (၄) ရှိ မီဂါစတုံးဖုန်းဆိုင်မှာ လက်နက်အပြည်အစုံ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းကို ဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထံ ဝင်ရောက်ပူးပေါင်းတဲ့ ဂန့်ဂေါ PDF ရဲဘော်တစ်ဦးဟာ တပ်တွင်းတည်နေရာတွေ သိရှိထားတာကြောင့် လုံခြုံရေးဂရုစိုက်ဖို့ လိုအပ်တယ်လို့ ဆို
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော်တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ထံ သွားရောက်ပူးပေါင်းသွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
ကိုးကန့်တပ်က ပြန်လွှတ်ပေးမယ်လို့ ပြောထားတဲ့ စစ်သုံးပန်း ၅၀၀ ကို အသုတ်လိုက် ပြန်လွှတ်ပေးမှာဖြစ်ပြီး ၂၀၀ ဝန်းကျင်သာ ပြန်လွှတ်ပေးသေးတယ်လို့ ဆို
ကိုးကန့်တပ် – MNDAA က ကိုးကန့်ရိုးရာ “တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။