ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကုန်းနဲ့ လက်ပတ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအမှတ်-၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။