TNLA ထိန်းချုပ်တဲ့ မိုင်းလုံမြို့ကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲ၊ အနည်းဆုံး ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင်ထဲက မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်ကြဲချပြီး ဒေသခံ ၁ ဦးသေဆုံးကာ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်က သီန္နီကနေ ပြန်ဆုတ်မယ်လို့ သတင်းထွက်​နေပေမယ့် ဆေးရုံအကြီးအကျယ်ဆောက်ဖို့စီစဥ်နေ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကနေ MNDAA က ပစ္စည်းအပြောင်းအရွှေ့တွေလုပ်နေပြီး ပြန်ဆုတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိန္နီဒေသခံတစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

ပင်းတယမြို့နယ်မှာ ရေကြီးမှုကြောင့် သေဆုံး ဒဏ်ရာရသူ ၉ ဦးအထိရှိလာ၊ ရေဘေးသင့်ပြည်သူ ၃၀၀ နီးပါးရှိပြီး အကူအညီလိုအပ်နေ

ရေးကြီးရေလျှံမှုကြောင့် ရှမ်းတောင် ပင်းတယမြို့နယ် သိန်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းနဲ့ အုံအက်ကျေးရွာမှာ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးအထိ ရှိလာတယ်လို့ ရေဘေးသင့်တဲ့ပြည်သူတွေကို ကူ အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့တဲ့ ကလောမြို့က မြေနိမ့်ပိုင်းရပ်ကွက် ၃ ခုမှာ ရေပြန်ကျနေပြီဖြစ်၊ မိုးဆက်ရွာနေလို့ ရေကြီးရေလျှံထပ်ဖြစ်မှာကို စိုးရိမ်

ရှမ်းတောင်၊ ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၃ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓနုဒေသမှာ ရေကြီးရေလျှံမှုကြောင့် ရွာချင်းဆက် တံတားများ ကျိုးကျပျက်စီး၊ ကားလမ်းရေကျော်မှုများ ကြုံတွေ့နေရ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ မနေ့ ဇူလိုင် ၂၈ရက်ကစပြီး မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်နေတဲ့ မိုးကုတ်လမ်းပိုင်းကို ခေတ္တပိတ်မယ်လို့ ထုတ်ပြန်ပြီး ၁ ရက်အကြာမှာ မိုးကုတ်မြို့ကို ဂျက်ဖိုင်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ၊ သေဆုံးမှု မြင့်တက်လာနိုင်၊ ဗုံးကြဲအပြီး မိုးကုတ်မြို့ခံတွေကို လူသားဒိုင်းလုပ်ဖို့ လမ်းပိတ်ထားတာလို့ စစ်ကောင်စီက ပြန်ဝါဒဖြန့်နေ

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၂၉ ရက်မှာတင် ဂျက်ဖိုင်တာ ၃ စီးနဲ့ လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးကုတ် အရှေ့ပိုင်းကို ဂျက်ဖိုက်တာ ၂စီးနဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဒီနေ့ ဇူလိုင် ၂၉ရက်နေ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။

နောင်ချိုဒေသခံတစ်ဦးကို မိသားစုဝင်ရှေ့မှာတင် စစ်ကောင်စီတပ် ပစ်သတ်ခဲ့

ရှမ်းမြောက်၊ နောင်ချိုမြို့နယ် လုံစံကျေးရွာခံတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာ ကလေး သူခိုးတွေရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ကလေးငယ်တွေကို ခိုးသူတွေရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဂေါႇမိုႈ နံင်ႎီရ်ဘြဲဆား ရဒေင် ကာည်း ကပုအီလူလှဲဝ်ႏဟာဝ်း ဒီပ်ုန်ထိင်ခြဲ TNLA ကဲနီန် ကဲဒါႈနံင်ဘိဟာဝ်းအူနှား

အ်ုန်အီမိုႈ လူမ်ဘြောင်ချှာင်အိူင်မိုဂူႈ လံမ် PSLF/ TNLA ပ္လိူရ်ႈလေႈပ္လါႇဘေဲႇဒါႈ ဂေါႇမိုႈ ဘြည်က္လာည်း ကစံပ်ဇာဝ်း ကနာည်နံင်ႎီရ်ဘြဲဆား ရဒေင် ကာည်း ကပုအီလူလှဲဝ်ႈဟာဝ်း ရဒေင်အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲ TNLA ကဲနီန် ကဲဒါႈ နံင်ဘိဟာဝ်း ဘည်ခ္လေါႈနီန် အူနှားအောႏ။