ပင်လောင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား

ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးကုတ်ကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်း ရွှေကြာအင်းရွာအထိရောက်နေ၊ နောင်ချို- မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်နေ

တအာင်းတပ်အတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချို- မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမအတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်မှာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မ‌‌တော် အမှတ်၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ၅ စီး မီးလောင်ပျက်စီး

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ ၅ စီး မီး‌လောင်ပျက်စီးတယ်လို့ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ သြဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဘိုးဘျုင် ပမိုဂူႈ ကဒါႇလီပ်ဆာင်ငည်း တိုအီးအရာပ်ကဲ ယံမ်းဟာဝ်း 7 အီးအာဝ်‌ယောမ်

ဘိူန်းအယ်တခေါရ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပမိုဂူႈ ကဒါႇလီပ်ဆာင်ငည်းနီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဟာဝ်းဘိုးဘျုင် ပဆဴင်ကဖေးမင်းကြိုက်နီန် အဒိူဝ် အောဂ်ုတ် ဆငည်း 2 ခီညှာကပံတ် 8 နြီလေႈ 30 မနေတ်ဒိူန်အောႏ။

မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူစုစုပေါင်း ၂၀ ကျော်ရှိလာ

ဒီနေ့ သြဂုတ်လ ၂ ရက် မနက်ပိုင်း ၈ နာရီ ၂၀ မိနစ်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူစုစုပေါင်း ၂၀ ကျော် ရှိလာတယ်လို့ သိရပါတယ်။

မိုးကုတ်အနောက်ပိုင်းကို စစ်တပ် ဗုံးထပ်ကြဲ၊ အရပ်သား ၇ ဦးထက်မနည်း သေဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်း မင်းကြိုက်လက်ဖက်ရည်ဆိုင်အနီးကို စစ်တပ်က ဒီနေ့ သြဂုတ် ၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့ပြီး ထိခိုက်သေဆုံးမှု များတယ်လို့ သိရပါတယ်။

Junta Airstrike Kills Woman, Injures Two in Nawnghkio

The junta’s military launched an airstrike on Doe Bin Village, Nawnghkio Township, in northern Shan State, killing one person and injuring two others, according to a TNLA statement on August 1.

ဂေါႇတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ဂျက်ဖိုက်တာ ဒေဲႈပျောႈပ္လေ ကောန်အီပ်ုန် ရဝ်ဒိုးပင် လှံင်နော်င်ခေဝ်နီန် 1အီးယံမ်းဖါ်ႈ ဘာတ် 2အီးအောႏ။

TNLA ကဲ ပ္လိူရ်ႈလေႈ အဒိူဝ် ကျံရ်အောဂ်ုတ် ဆငည်း 1နီန်ဒါႈ ကံပ်အာဝ်မိူဝ်ႈပ္လေါည်ကတီုက်ကပဴင်မာ် ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ် ဒေဲႈပျောႈပ္လေ ပရဝ်ဒိုးပင် လှံင်နော်င်ခေဝ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – TNLA ကဲ စီပဲန်တိုအီးရဝ် 1အီး ယံမ်းဖါ်ႈ ဘာတ် 2အီးအောႏ။

တမူးမြို့ စီးပွားရေးဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေတာကြောင့် Non CDM ဝန်ထမ်းတွေ လစာမရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ စီးပွားရေးဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် Non CDM ဝန်ထမ်းတွေအားလုံး နှစ်လကြာ လစာမရသေးဘူးလို့ Non CDM အသိုင်းအဝိုင်းဆီက သိရပါတယ်။