လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်မှာ ရေကြီးလို့ စစ်ရှောင်စခန်းနဲ့ ရွာကနေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားပြီး လူ ၆ဦးထက်မနည်းလည်း မျောပါသွား
ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်က စစ်ရှောင်စခန်းနဲ့ ရွာတွေဟာ မနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာတာကြောင့် ဂျဲယန်ချောင်း ရေကြီးလာလို့ နေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။