ထိုင်းဘက်က ရက် ၂၀ နီးပါးကြာ စက်သုံးဆီ ဖြတ်တောက်ထားတဲ့ မြဝတီမြို့မှာ လက်ရှိအချိန်အထိ ဆီဈေး မြင့်တက်နေ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ထဲကို ထိုင်းဘက်က စက်သုံးဆီ ရက် ၂၀ နီးပါးအကြာ ဖြတ်တောက်ခံထားရလို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်အထိ စက်သုံးဆီဈေး မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပေါက်နယ်၊ ကင်းမရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲ၊ အရပ်သား ၃ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီး (Paramoter) နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

တောင်ကြီးမှာ ၂ လကျော်အတွင်း ကုန်သည်ကြီးတွေရဲ့ သိန်းပေါင်း ထောင်ချီတန်ဖိုးရှိ ကုန်ပစ္စည်း သိမ်းဆည်းခံထားရ

ရှမ်းတောင် တောင်ကြီးမြို့မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ဒီနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ကုန်သည်ကြီးတွေရဲ့ ကုန်ပစ္စည်း သိမ်းဆည်းခံထားရတယ်လို့ Non-CDM သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေ

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီး၊ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေး

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီးကာ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှမ်းတောင်မှာ PNO က ကရင်နီပြည်က အရပ်သားကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ BWIC ပြော၊ ၈ လအတွင်း အရပ်သား ၂၇ ဦး ဖမ်းဆီးခံရပြီး ၅ ဦး သတ်ဖြတ်ခံရ

ရှမ်းတောင်မှာ ပအိုဝ်းပြည်သူ့စစ်- PNO က ကရင်နီပြည်နယ်က အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်း တင်နေတဲ့ Burma War Crime Investigation- BWCI အဖွဲ့က ပြောပါတယ်။

ပြင်ဦးလွင် ရေချမ်းအိုးရွာက လူနေအိမ် ၁ ထောင်နိီးပါးကို စစ်ကောင်စီတပ်က အင်အားသုံး ဖြိုဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရွာက နေအိမ်ပေါင်း ၁ ထောင်နီးပါးကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ စက်ယန္တရားကြီး အသုံးပြုပြီး အင်အားသုံး ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ ကားတစ်စီး ဓာတ်တိုင် ဝင်တိုက်ရာကနေ တိမ်းမှောက်၊ တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ကားတစ်စီး ဓာတ်တိုင်တစ်ခု ဝင်တိုက်မိရာကနေ တိမ်းမှောက်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းစာရင်းကို ထွေအုပ်ရုံးသို့ သွားပို့တဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာ ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။