The Latest
CC နဲ့ ICNCC တွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းဖို့ သဘောတူညီမှုရရှိ
ချင်းပြည်နယ်မှာ ချင်းပြည်အစိုးရ- CC နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ- ICNCC တို့ တွေ့ဆုံပြီး နှစ်ဖက်ပေါင်းစည်းရေး ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ နှစ်ဖွဲ့စလုံးက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
မုံရွာ ဗောဓိတစ်ထောင် MRTV တာဝါတိုင်ကုန်းက ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်၊ ရဲကင်းမှူး ရဲအုပ် ကျော်ဝေအောင်အပါအဝင် ၁၁ ယောက် သေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခတက္ကန်ကျေးရွာအရှေ့ဖက် ဗောဓိတစ်ထောင် သာသနာ့နယ်မြေအတွင်း MRTV တာဝါတိုင်ကုန်းမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချောင်းဦးက နွယ်ခွေနဲ့ ချောင်းမရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါအဝင်ဒေသခံ ၁၀ ဦးနဲ့ PDF ရဲဘော် ၁ ဦး ကျဆုံး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေနဲ့ ချောင်းမရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF တပ်မှ ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ CHU PDF မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ရွှေဖီမြေကို ပြောပါတယ်။
တရုတ်ဘက် ပွဲစားကနေတဆင့် အလုပ်လုပ်ဖို့သွားတဲ့ မိုင်းယုလေးရွာက အမျိုးသမီးငယ်တစ်ဦး ၁ လ ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ၊ လူကုန်ကူးခံရမှာကို မိဘက စိုးရိမ်နေ
ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုရွာနေ အသက် ၁၉ နှစ်အရွယ် လွေးအေလာဝ်ဟာ တရုတ်ဘက် အလုပ်လုပ်ဖို့ သွားရာကနေ ၁ လ ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်ခရိုင် လဝက ဝန်ထမ်းတွေက BP စာအုပ်တစ်အုပ်ကို သိန်း ၁၀၀ နဲ့ တရားမဝင်လုပ်ပေးနေပြီး ရလာတဲ့ငွေကို အထက်သို့ အဆင့်ဆင့် လာဘ်ထိုးထား
ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ဝန်ထမ်းတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် (Border Pass- BP) ဒေသအခေါ် စာအုပ်အနီ တစ်အုပ်ကို ကျပ်သိန်း ၁၀၀ နဲ့ တရားမဝင် လုပ်ပေးနေတယ်လို့ လဝက ဝန်ထမ်းတွေဆီက စုံစမ်းသိရှိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပန်းအောင်ရွာက ဘုန်းကြီးကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရ၊ ရဟန်း ၂ ပါးနဲ့ လူ ၂ ဦး ဒဏ်ရာရ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ပန်းအောင်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဘုန်းတော်ကြီး ၂ ပါးနဲ့ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ချေမှုန်း၊ စစ်သား ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ပဲခူးတိုင်း ဖြူးမြို့နယ်ထဲက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ် အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်း ၇ ခုကို တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ခံတပ်နဲ့ ကရင်တပ်မတော်- KNU/KNLA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်မှာတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။