သီပေါမြို့အနီး ခါလိန်ရွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့အနီး ခါလိန်ရွာအထိ ရောက်ရှိလာပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။