ကွတ်ခိုင်နယ် မုံးစီးမှာ MNDAA နဲ့ KIA တို့ စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့က စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။