ရွှေဖီမြေ၊ နိုဝင်ဘာ ၁၇ ရက်၊ မိုးကုတ်

သတင်းဓာတ်ပုံ

လာမယ့်အပတ်တွေအတွင်း တအာင်းတပ်-PSLF/TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့ရဲ့ မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

မိုးကုတ်မြို့မှာရှိတဲ့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဌာနဆိုင်ရာတချို့ ပြောင်းရွှေ့နေတာ တွေ့ရပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲဌာနကတော့ ပုံမှန်လည်ပတ်

နေတာ တွေ့ရပါတယ်။

မိုးကုတ်မြို့ဂေါက်ကွင်းမှာတော့ မြို့ခံတွေကို တအာင်းတပ်က ၎င်းတို့မဆုတ်ခွာခင် ကျောက်တူးဖော်ခွင့်ပေးထားပြီး မြို့ခံတချို့ အလုအယက်ကျောက်တူးဖော်နေကြပါတယ်။

မြို့တွင်းမှာတော့ မြို့ခံတွေနေ့စဥ်လိုလို မြို့ကိုစွန့်ခွာနေကြတာ တွေ့ရပြီး မြို့ရဲ့ထက်ဝက်ကျော်က မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

မိုးကုတ်မြို့ကနေ တအာင်းတပ်ဘက်က လာမယ့်နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရမယ်လို့ သတင်းတွေထွက်နေပြီး စစ်ကောင်စီဝင်လာမယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် ​မိုးကုတ်မြို့တွင်းဝင်လာမယ့် စစ်ကောင်စီတပ်တွေကို TNLA ဘက်က လုံခြုံရေးပေးမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့သဘောတူပြီးနောက် TNLA က ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ ဆုတ်ခွါသွားရမှာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။