ဓာတ်ပုံ – SPM

သတင်းဓာတ်ပုံ

မိုင်းအနိုင်၊ ဇန်နဝါရီ ၂၃ ရက်၊ ထီးလင်း

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် အောက်ပြည်မြေပြန့်က ကျေးရွာရှိ စာသင်ကျောင်းအများစုဟာ ကတုတ်ကျင်းနဲ့ ပူးတွဲပြီး စာသင်နေကြရပါတယ်။

စာသင်ကျောင်းကို စာသင်ဆောင်နေရာအဖြစ် မထားကြတော့ဘဲ အများစုဟာ ကျေးရွာအတွင်းနဲ့ တောတွေထဲ တဲထိုးပြီး ခက်ခက်ခဲခဲ စာသင်နေကြရပါတယ်။

ပုံပါ စာသင်ကျောင်းဟာ မကွေးတိုင်း ထီးလင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းဖြစ်ပြီး အဲဒီကျောင်းဟာ အထက်တန်းကျောင်း ဖြစ်ပါတယ်။

စာသင်ကျောင်းဆောင်ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုပြီး ကျေးရွာတွေထဲမှာ နေရာ ၃ ခု ခွဲပြီးတော့ စာသင်နေကြပါတယ်။

လေကြောင်းအန္တရာယ်ကနေ ဘေးကင်းလုံခြုံဖို့ကိုလည်း စာသင်ကျောင်း ပတ်ပတ်လည်မှာ ကတုတ်ကျင်း တူးထားကြရပါတယ်။

လေယာဉ်လာရင် ကတုတ်ကျင်းထဲ လျင်မြန်စွာ ပြေးဝင်နိုင်ကြဖို့လည်း ကျောင်းသူ ကျောင်းသားတွေကို မကြာခဏ သရုပ်ပြထားပြီးဖြစ်တယ်လို့ ဆရာမတွေက ပြောပါတယ်။

လေယာဉ်လာရင် အချက်ပေးတဲ့ ခေါင်းလောင်းကိုလည်း လုပ်ဆောင်ထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။