သတင်းဓာတ်ပုံ

လွေးဇွန်မိုး၊ ရွှေဖီမြေ

တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာတော့ ရွှေဖီဦး လက်ဖက်ကို စတင် ခူးဆွတ်နေကြပြီ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ရွှေဖီလက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၃,၅၀၀ နဲ့ ၃,၇၀၀ ကြား အမြင့်ဆုံးဈေး ရခဲ့ပြီး ဒီ ၂၀၂၅ ခုနှစ် မတ်လ တတိယအပတ်ကစပြီး နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာတော့ ရွှေဖီဦးလက်ဖက် ရွက်စိမ်းတစ်ပိဿာကို ၄ ထောင်နဲ့ စတင်ဝယ်ယူနေပြီလို့ သိရပါတယ်။

ရွှေဖီလက်ဖက်ဈေး ၄ ထောင်ကျပ် ရနေပေမဲ့ ၅ ဆကျော် မြှင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လူထုတွေအတွက် တွက်ချေ မကိုက်ဘူးသေးလို့ လက်ဖက်တောင်သူတွေက ပြောဆိုကြပါတယ်။

နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာသာ ၄ ထောင် ရရှိနေပြီး ကျေးရွာတချို့မှာတော့ ၃ ထောင်သာ ရနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ဖက်ကို အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲ စတဲ့မြို့နယ်မှာလည်း လက်ဖက် ဈေးကောင်းရဖို့နဲ့ လက်ဖက်အရည်အသွေး ထိန်းသိမ်းဖို့ ရွက်ကြမ်းနဲ့ လက်ဖက်အတု မခူးကြဖို့ကိုလည်း တောင်သူတွေကြား သတိပေး ပြောဆိုနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။