သတင်းဓာတ်ပုံ

မိုင်းရူပ၊ မိုင်းအနိုင်၊ မတ်လ ၁၉ ရက်

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလစကပြီး TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး TNLA ဘက်က နေရာအချို့ကို ပြန်ဆုတ်ပေးခဲ့ရပြီး၂ ဖက်တပ်အကြား နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့တာ ဖြစ်ပါတယ်။

တောင်းခမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို ပိုမိုအသုံးပြုလာခဲ့ပြီး တစ်ရက်ကို အနည်းဆုံး ဗုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ အဆိပ်ငွေ့ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA လည်း ပါဝင်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီဘက်က တောင်းခမ်းဘက်ကို စစ်အင်အားတွေ ဆက်ဖြည့်နေပြီး တိုက်ပွဲအတွင်း ၂ ဖက်တပ်ဘက်က အကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။

တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်-အပါအဝင် အမြောက်တပ် တပ်စခန်းတွေ ဖြစ်တဲ့ -၃၅၄၊ ၂၀၆နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာ ဖြစ်ပါတယ်။

တောင်းခမ်းကျေးရွာဟာ နောင်ချိုနဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ် အစပ်မှာတည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းကျေးရွာက နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။