မိုင်းအရှိုင်း၊ ဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၀ ရက်
တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မီးသတ်ဌာနက တအာင်းဒေသတစ်ခုလုံးအတွက် ပထမဆုံး ကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ခဲ့ပါတယ်။
ကယ်ဆယ်ရေး သင်တန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစတင်တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာတော့ သင်တန်းဆင်းပွဲ ကျင်းပပြီးစီးခဲ့ပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေး ဒုဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ ဗဟို မီးသတ်ဌာနမှူး ဒုဗိုလ်မှူးကြီး တားတံင်ရိူန်း အပြင် နမ္မတူမြို့ထဲရှိ ရပ်ကွက်တာဝန်ခံတချို့ တက်ရောက်ခဲ့ကြပါတယ်။
ရက်တို သင်တန်းကာလအတွင်း လက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ အခြေခံ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်၊ ရှေ့ဦးသူနာပြုစုခြင်း ဘာသာရပ်စတဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
ဒီသင်တန်းကို နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းရင်၊ နမ္မတူ စတဲ့ဒေသခံ လူငယ်၊ လူလတ်ပိုင်း ၅၀ ယောက်တိတိ လာရောက် သင်ယူကြတာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ CDM နည်းပြဆရာတွေက သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။