သတင်းဓာတ်ပုံ

လွေးဇွန်မိုး၊ မတ်လ ၈ ရက်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့နယ်ထဲက နေရာတချို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ဒီနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO နဲ့ PSLF/TNLA ရဲ့ အမျိုးသမီးဌာနက အခမ်းအနား ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနဲ့ တအာင်းဒေသက အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတဲ့ အခြေအနေကို ရှင်းပြခဲ့ပြီး ပဟေဋိ ဥာဏ်စမ်းမေးခွန်း အမေးအဖြေကဏ္ဍလည်း လုပ်ဆောင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၂၂ ခုနှစ်က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ (၁၀၃)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကတုတ်ကျင်းနဲ့ စာသင်ကျောင်း

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် အောက်ပြည်မြေပြန့်က ကျေးရွာရှိ စာသင်ကျောင်းအများစုဟာ ကတုတ်ကျင်းနဲ့ ပူးတွဲပြီး စာသင်နေကြရပါတယ်။

ကျောင်းဆရာဘဝကနေ စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေး

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

နမ္မတူမြို့နယ်ထဲ ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ မြင်ကွင်းပဲ ဖြစ်ပါတယ်။