မိုင်းရူပ၊ စက်တင်ဘာ ၄ ရက်၊ သပိတ်ကျင်း

သတင်းဓာတ်ပုံ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်မလုပ်နိုင်ဖို့ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်ပူးပေါင်းတွေဘက်က ခံစစ်ပြင်ထားပြီး စစ်ကောင်စီနဲ့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ကချင်တပ်မတော်-KIAနဲ့ NUGလက်အောက်ခံတပ်တွေ ထိန်းသိမ်းထားတဲ့ သပိတ်ကျင်းမြို့ကို ပြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျေးရွာပိုင်းအများစုကိုတော့တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေတယ်လို့ သိရပါတယ်။

အဲတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီဘက် လေကြောင်းနဲ့သာ စစ်ကူ၊ စားနပ်ရိက္ခာတွေကို ပို့ဆောင်နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။