ဓာတ်ပုံ – ထိုင်း လဝက၊ ရွှေ့ပြောင်းလုပ်သားတစ်ဦး

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက်

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၆ ရက်တာအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားပေါင်း ၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တာခ့်၊ ပထုမ်ဌာနီ၊ ကန်ချနဘူရီ၊ ခရွန်တက်မဟာ၊ ချင်းမိုင်၊ စမုစခွန် စတဲ့ခရိုင်ကဖြစ်ပြီး တရားမဝင် နေထိုင်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လူသတ်မှု ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။

ချင်းမိုင်မြို့ရှိ မြန်မာပွဲစားတစ်ဦးက “အကုန်လုံးက ရှိသမျှ ပုံအောရင်းပြီး ရောက်လာကြတာ။ ဒီအတိုင်းဆို မြန်မာတွေအတွက် နောက်ရွှေ့ရမယ့်နိုင်ငံ ထပ်ရှိလာမလား မသိဘူး။ အလုပ်တောင် မဆင်းရဲကြဘူး” လို့ ပြောပါတယ်။

၆ ရက်တာအတွင်း ၂၁၅ ဦးနဲ့ စမုစခွန်ခရိုင်က ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ဘန်ကောက်မှာတော့ အများဆုံး မဟုတ်ပေမဲ့ ကုန်တိုက်ကြီးတွေအထိ နေ့ခင်းကြောင်တောင် ဝင်ဖမ်းတာကြောင့် စိုးရိမ်နေရတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးမှုဟာ ကျားဖြန်နှိမ်နင်းရေးအပါအဝင် ထိုင်းနိုင်ငံရဲ့ နေရာအသီးသီးမှာ စည်းကမ်း ဖောက်ဖျက်မှု၊ အများပြည်သူ အနှောင့်ယှက် ဖြစ်စေမှု၊ ထိုင်းနိုင်ငံ လုံခြုံရေး ထိခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၇ ရက်မှာ ထိုင်းရဲချုပ်က ဖမ်းဆီးကြဖို့ အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အများစုကို ထိုင်းလဝကဥပဒေ ချိုးဖောက်မှုအရ မြန်မာနိုင်ငံသို့ ပြန်ပို့နေပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကလည်း စစ်မှုထမ်း ဆင့်ခေါ်ရင် အလုပ်ထွက်ပြီး မြန်မာပြည်ဘက် ပြန်ပို့ရမယ်လို့ဆိုကာ ထိုင်းအလုပ်ရှင်တွေကို လက်မှတ် ထိုးခိုင်းထားတယ်လို့ သိရပါတယ်။

ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားအရေး ဆောင်ရွက်နေသူတစ်ဦးက “နောင်ဟွိုင်ဈေးဆို အရမ်းစစ်တယ်။ ထိုင်းဖက်မှာလည်း လာဘ်စားကြတာတွေ အများကြီးပါ။ အခုက လာဘ်ပေးလို့ မရတော့ဘူး။ ဒီလောက်များတဲ့လူဦးရေ လိုက်ဖမ်းနေတာ သမိုင်းတစ်လျှောက် အများဆုံးလောက်ကျတယ်။ အရင်က စံပြလောက်ပဲ ပြန်ပို့တာ။ အခုက တစ်ကယ် စစ်မှုထမ်း ပို့နေတာ။ စောချစ်သူနား ပို့တာလည်း ရှိတယ်။ သူကလည်း စစ်တပ်ကို ပြန်ပို့တာ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ဘတ်ရိုက်ပြီး နေထိုင်သူတွေကို Work Permit (အလုပ်သမားကတ်)မှာ ရေးထားတဲ့အလုပ်နဲ့ တစ်ကယ်လုပ်နေတဲ့အလုပ် ကိုက်ညီမှု ရှိမရှိ စစ်ဆေးနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သေချာသတိပြု လေ့လာထားကြဖို့ ပွဲစားတွေက သတိပေးထားပါတယ်။

ဒါ့အပြင် ED Visa (ပညာသင်ယူ နေထိုင်ခွင့်)နဲ့ နေထိုင်သူတွေကိုလည်း အမှန်တကယ် ကျောင်းတက်ခြင်း ရှိမရှိ စစ်ဆေးမှု ရှိနေပြီး အထက်ပါ ဖြစ်စဉ် ၂ ခုနဲ့ ကိုက်ညီမှု မရှိသူတွေကို အချိန်မရွေး ဖမ်းဆီးနိုင်တယ်လို့ ထိုင်း လဝကဘက်က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သား အမျာစု ဖမ်းဆီးခံနေရပေမဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရ- NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ တစ်စုံတစ်ရာ ထုတ်ပြန်သတိပေးတာမျိုး မတွေ့ရသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။