အိုက်ပွီး၊ ဇူလိုင် ၂၁ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင် ၁၈ ရက် ည ၇ နာရီခန့်မှာ မရာကာကွယ်ရေးတပ်- MDF ရဲ့ ဒုဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Tipa ရွာက အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ MDF ဒုဥက္ကဋ္ဌ လိုက်ပါစီးနင်းလာတဲ့ ကားပေါ်မှာ စက်ဘက်ဆိုင်ရာပစ္စည်းတွေကို တွေ့ရှိတာကြောင့် အခုလို ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

“စစ်ဘက်ဆိုင်ရာပစ္စည်းတွေက MDF ဘက်က ဟုတ်မဟုတ် မသိရဘူး။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို တွေ့လို့ဆိုပြီး MDF ဒုဥက္ကဋ္ဌ အပါအဝင် ၃ ယောက် ဖမ်းဆီးခံရတာက ဟုတ်ပါတယ်။ အခုထိ တစ်ယောက်မှ ပြန်မလွှတ်လာကြသေးဘူး” လို့ မရာဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေဟာ ကျည်ကာ ဦးထုပ်၊ ကျည်ကာ အကျီ၊ လက်လုပ်သေနတ်နဲ့ တခြားပေါက်ကွဲစေတက်တဲ့ ခဲယမ်းတွေဖြစ်ပြီး ချင်းပြည်နယ်ဘက် ပို့ဆောင်မယ့် ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အသုံးဆောင်ပစ္စည်းနဲ့အတူ MDF ဒုဥက္ကဋ္ဌ NB Sila၊ ဆိုင်ဟားခရိုင် Tlopa ရွာက အသက် ၂၁ နှစ်အရွယ် B Songa နဲ့ ဆိုင်ဟားမြို့ College ရပ်ကွက်က အသက် ၁၈ နှစ်အရွယ် Pu FC Laicho တို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ဆိုင်ဟားခရိုင် မရာ ဘာသာရေးခေါင်းဆောင်၊ အသင်းအဖွဲ့အစည်းတို့က လိုက်ပါကူညီပေးနေပေမဲ့ ဖမ်းခံရသူတွေ ဒီနေ့မနက်ထိ ပြန်မလွှတ်ကြသေးဘူးလို့ သိရပါတယ်။

“ပြန်လည်လွှတ်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့အစည်းတွေဆီ အကူအညီ တောင်းပြီး ညှိနှိုင်းနေဆဲပါ။ ပြန်မလွှတ်ကြသေးဘူး။ စစ်ပစ္စည်းဆိုတော့ အမှုပိုကြီးသွားတယ်ထင်တယ်။ ညှိနှိုင်းရတာ မလွယ်ဘူး” လို့ ဖြစ်စဉ်သိရှိသူ မရာဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်ယ

ဖမ်းဆီးခံရသူတွေကို ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆိုင်ဟားခရိုင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲဆိုတာကို မသိရသေးပေ။

MDF ဟာ ချင်းလက်နက်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းညီနောင်ရဲ့ အဖွဲ့ဝင်ဖြစ်သလို အာရက္ခတပ်တော်- AA နဲ့လည်း မဟာမိတ် ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။